Zawgyi
Jungkookခေါင်းထဲ အရာရာဟာရှုပ်ထွေးလျက်။သူ့ဖေဖေကို ဘာလို့များကိုကို့အဖေက အဲ့သလောက်ထိုးနေရသလဲဆိုတာကိုလည်း သူတကယ်မသိတော့။ဖေဖေမတရားခံနေရတာကို မကြည့်ရက်၍သာ ပြေးထွက်လာမိခြင်းဖြစ်သည်။ကားရောင်စုံများရှိရာ လမ်းမထက်သို့ရောက်လာတော့ ခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းလိုက်သည်။သူ့ခေါင်းထဲ ဗလာနတ္ထိ...အရာအားလုံးလဲပြိုကျနေသလို ခံစားနေရသည်။ထိုစဉ် သူ့နောက်ကျောမှ အသံစူးစူးကိုကြားလိုက်ရလေသည်။
"Jungkook ah...ပြန်လာခဲ့လေ ကားတိုက်ကုန်မယ်"
ကိုကို့အသံ...သူနောက်လှည့်မကြည့်မိပါ။သူ့ဖေဖေကို ကိုကို့အဖေက နှိပ်စက်နေတာမလား။စိတ်ကုန်မိသောကြောင့် ကားလမ်းမကိုဖြတ်ပြေးစဉ် ကိုကိုက အနောက်မှ သူ့လက်ကိုလာဆွဲသည်။
"Jeon Jungkook သေချင်နေတာလား"
"ကိုကို့အဖေက သားဖေဖေကို မတရားထိုးနေတာကြီးကို မြင်ရတာထက်စာရင် သေသွားတာကမှကောင်းဦးမယ်"
"Jungkook ah..."
"လက်ကိုလွှတ်ဗျာ"
နှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာပဲ ခပ်လှမ်းလှမ်းမှ ကားဟွန်းတီးသံ။Jungkookရပ်နေသည်မှာကား လမ်းမပေါ်ရောက်နေတာကြောင့် Jiminက သူ့လက်ကိုဆွဲကာ နေရာပြောင်းလိုက်သလို ဆွဲအလှည့်မှာ....
ကျွီ....ဒုန်း
လှိမ့်ထွက်သွားသောJungkookနှင့် သွေးအိုင်ထဲလဲနေသောJimin။မူးနောက်နေသော်လည်း ကိုကိုJiminကို ထကြည့်မိတော့ သွေးအိုင်ထဲတွင်မလှုပ်မယှက်။
"ကိုကို...ထပါဦး၊သားတို့ကို ကယ်ပါဦး အီးဟီးဟီး"
ထိုအခါမှ ဆေးရုံထဲမှပြေးထွက်လာသည့် ဖေဖေနှင့် ကိုကို့မိဘတွေကို သူမြင်ပြီးနောက် မူးမိုက်လာကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။
**********
ခပ်ကျဉ်းကျဉ်းပွင့်လာသော မျက်လုံးများ၊သူမြင်နေရသည်မှာ ဆေးရုံအခန်းတစ်ခန်းဖြစ်သည်။လက်မှာလည်း ဆေးထိုးပိုက်ကြီးဖြင့်။ဘေးနားမှာ ဖေဖေကအိပ်ပျော်နေသည်။သူ့ခေါင်းထဲ လုံးဝကို ဗလာနတ္ထိ။ဘာကြောင့် အိမ်ကနေဆေးရုံကို ရောက်နေရမှန်းလည်း သူမသိ။
ESTÁS LEYENDO
Serenphoria ✔️