Ep-6

3.9K 452 4
                                    

Zawgyi
ကျောင်းမှာ အထွေအထူးမရှိတော့ပေမယ့် လူတွေကသူ့ကိုကြည့်ကာပွစိပွစိပြောနေကြဆဲ။Taehyungကလည်း သူ့ကိုဂရုမစိုက်ဖို့ရာပြောပေးနေတော့ အနည်းငယ်တော်သေးသည်ဟု ပြောရမည်။ထိုစဉ်အခန်းထဲသို့ ဆရာမဝင်လာတာကြောင့် လူတိုင်းတိတ်ဆိတ်သွားကြသည်။

"မင်္ဂလာပါကွယ် သားလေးJungkook"

သူ့ကိုခေါ်လိုက်တာကြောင့် တွန့်ခနဲဖြစ်သွားသလို ဘေးမှtaehyungကပါ လှည့်ကြည့်လာသည်။

"ဟုတ်ကဲ့sam"

"သားလေး ထိုင်ရတာချောင်ထဲမှာဆိုတော့လေ အဆင်ပြေရဲ့လားကွယ် မမြင်ရရင်ပြောနော်။ဘေးကသားtaehyungကလည်း ကူညီပေးဦးနော်"

"ဟုတ်" "ဟုတ်"

သူတို့နှစ်ယောက်သားပြိုင်တူပြောလိုက်ကြသည်။ထိုအခါမှဆရာမလည်းရှေ့လှည့်သွားပြီး စာဆက်သင်တော့သည်။သေချာတာတော့hyungရဲ့ လောင်းရိပ်အောက်မှာရှိနေသည့် သူ့ယခုအခြေအနေကို သူလုံးဝသဘောမကျပါပေ။

"ဟူး....မင်းတော့မလွယ်ဘူးJeon...အဲ...Park Jungkook"

သက်ပြင်းချကာ ပြောလိုက်သည့်taehyungကိုကြည့်ရင်း သူလည်းစိတ်ထဲမှသာသက်ပြင်းအရှည်ကြီး ချလိုက်မိတော့လေသည်။

မနက်ပိုင်းစာသင်ချိန်ပြီးဆုံး၍ မုန့်စားဆင်းချိန်ရောက်လာတော့သူရောtaehyungရော ကန်တင်းသွားနေကြသည်။
လမ်းတစ်လျှောက်မှာလည်း သူ့ကိုကွက်ကြည့်ကွက်ကြည့်နှင့်မို့ ဘာကြည့်တာလဲဟုဖြဲပေးနေသော သူငယ်ချင်းလေးရှိနေ၍တော်သေးသည်ဟု ဆိုရမလားပဲ။

"အဆင်ပြေရဲ့လားjungkook"

"မပြေဘူးဟေ့...အဆင်မပြေဘူးတကယ်ပဲ"

သူဒေါသထွက်နေတာကြောင့် အော်မိလိုက်တော့taehyungဇက်ပုသွားသည်။ပြီးတော့မှ သူ့ဘာသူကုပ်ချောင်းချောင်းနှင့် ငြိမ်ကျသွားသည်။

လမ်းသွားနေစဉ် အရှေ့မှဖြတ်ခနဲတွေ့လိုက်ရသော အတွဲမှာသူ့hyungနှင့် Kim Yerin။နှစ်ယောက်သား တခိခိနှင့် လက်ကိုဆွဲကာ ချစ်ကြည်နူးတစ်တီတူးနေကြသည်မှာ လူမြင်၍ပင်မကောင်း။

"အိုး ဟိုမှာကိုကို့ညီလေး"

လှမ်းအော်လိုက်သည့်yerinအသံကိုက ချွဲပျစ်ပျစ်နှင့်မို့ နှစ်ယောက်သားနှာခေါင်းရှုံ့မိလိုက်သော်လည်း hyungက သူ့ကောင်မလေးလက်ကိုဆွဲကာ အနားရောက်လာသည်။

Serenphoria ✔️Where stories live. Discover now