Zawgyi
ညဘက်ရောက်သည်အထိ Yoongiတစ်ယောက် Taehyungအလုပ်လုပ်သော စတိုးဆိုင်ရှေ့တွင်ရှိနေဆဲ။ရှစ်နာရီခွဲပြီဖြစ်သော်လည်း ကိုယ်တော်ချောက လောကွတ်ချော်ကာ မပြီးမစီးနိုင်ဖြစ်နေတာကြောင့် စောင့်ရသူက အိပ်ငိုက်စပြုလာသည်။ချစ်နေ၍သာ အအိပ်ပျက်ခံစောင့်နေခြင်းဖြစ်သည်ကို သည်ကောင်လေးမသိဘူးလေရော့...။
တွေးနေရင်းနှင့်ပင် နောက်ဂျူတီသမားကို နှုတ်ဆက်ကာအပြင်ထွက်လာတာကြောင့် သူ့ငိုက်ဆင်းနေသော မျက်လုံးများ ပြူးကျယ်လာရသည်လေ။
"Taehyung ah annyeong"
သူ့ကိုတွေ့တော့ အံ့ဩဟန်ပြသည့်Taehyungက ခပ်တည်တည်သာပြုံးပြရှာသည်။
"ဪ အကိုyoongiပါလား ဒီမှာဘာလုပ်နေတာလဲ"
"အင်း လေညင်းခံနေတာ မင်းကိုတွေ့လိုက်လို့...ရပ်စောင့်နေတာ"
"nae....ဘာလို့ရပ်စောင့်နေတာလဲ"
"အင်း ငါတို့သွားသောက်ရအောင်ကွာ"
သူ့စကားကို Taehyungက ခေါင်းတယမ်းယမ်းခါကာ ငြင်းရှာသည်။
"ကျနော်အသက်မပြည့်သေးဘူးဗျ"
"မပြည့်လည်း ဘာဖြစ်လဲ....အကိုဝယ်တိုက်မယ်၊လိုက်ခဲ့ပါကွာTaehyungရာ"
"ပြီးတာပဲ လိုက်ခဲ့မယ်လေ"
သူတို့နှစ်ယောက်သား လမ်းဘေးအရက်ဆိုင်လေးဆီရောက်တော့ ချောင်ကျကျတစ်နေရာမှာ ဝင်ထိုင်လိုက်ကြသည်။အစကတည်းက သောက်ချင်နေသည့်သူကစ၍ ဆိုင်ရှင်arjimaကို မှာရသည်။
"Arjima ဒီကိုဆိုဂျူတစ်ပုလင်းနဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲချပေးပါ"
သူမှာနေသမျှကို Taehyungကဒီတိုင်းထိုင်ကြည့်နေတာကြောင့် သူလည်းထပ်မမေးတော့ပဲ ထိုင်နေလိုက်သည်။
"အကိုက ဘာလို့ကျနော်နဲ့သောက်ချင်ရတာလဲ။ကျနော်တို့က ရင်းလည်းမရင်းနှီးပဲနဲ့"
"နောက်တော့ရင်းနှီးတာထက်ပိုလာမှာပေါ့"
သူ့စကားကို မကြားချင်ယောင်ဆောင်လိုက်သောTaehyungကြောင့် သူဝမ်းနည်းသွားသလိုလိုပင်။
"ရပါပြီ ဆိုဂျူနဲ့ ခေါက်ဆွဲပြုတ်"
Arjimaလာချပေးသွားသော ဖန်ခွက်အသေးလေးကိုTaehyungက လှမ်းယူလိုက်သည်။
YOU ARE READING
Serenphoria ✔️