Ep-11

3.5K 419 2
                                    

Zawgyi
ညနေစောင်းရောက်တော့ နေရောင်ပျပျလင်းနေတာမို့
jungkookခြံထဲဆင်းလာခဲ့သည်။ဒန်းပုလေးပေါ်ထိုင်ကာ ခြေထောက်နှင့်မြေပြင်ကို ဆောင့်လွှဲလိုက်တာမို့ ဒန်းရောသူ့ခန္ဓာကိုယ်ရောဟာ လေထဲဝဲခနဲ။

သူဒန်းစီးရတာကို အလွန်သဘောကျသည်။ငယ်စဉ်က သူ့အမေရယ်၊အဖေရယ်၊သူရယ် ပိတ်ရက်တိုင်းဆို ကစားကွင်းသွားကာ ဒန်းတူတူစီးကြသည်။အမေကအဖေ့လက်ကလေးကို ကိုင်လျက် ဒန်းကိုခပ်ဖြည်းဖြည်းလွှဲဖြစ်ကြသည်။တွေးရင်းနှင့် မျက်ရည်ပေါက်ကဆစ်ခနဲကျလာသည်မို့ သူလက်ဖမိုးနှင့်မျက်ရည်များကို ဖိသုတ်မိသည်။

"သတိရလိုက်တာ အမေနဲ့အဖေရယ်"

သူလည်းဒန်းကို ခပ်ဖြည်းဖြည်းလွှဲကာ စိတ်ကိုဖြေလျော့မိသည်။သူအခု အဆင်ပြေနေပြီပဲလေ....။ကျန်တာတွေမလိုအပ်တော့။
***************
Jiminလည်း စာလုပ်စရာပြီးသွားတာကြောင့်အညောင်းပြေအညာပြေဖြစ်အောင် ခြံထဲဆင်းလာလိုက်သည်။မျက်လုံးကဒန်းပုလေးဘက် ရောက်သွားတော့ ထိုဒန်းပုပေါ်ထိုင်နေသည့် ကောင်ငယ်လေးကိုမြင်သွားသည်။Jeon Jungkook....သူအခုတလော စိတ်ဒဏ်ရာရနေသည့်အကြောင်းရင်းများ၏ အဓိကတရားခံ။သူ့ဘဝတွင်ပထမဆုံးသောချစ်ရသည့် မိန်းကလေးမှာ ထိုကောင်ငယ်လေးကိုချစ်နေသည်တဲ့လေ။တစ်သက်လုံး ပိုးမွေးသလိုအမွေးခံလာရသောသူ့ကို ကောင်ငယ်လေးရောက်လာခါမှပဲ ရုတ်တရက်ကြီးချောင်ထိုးလိုက်သော မိဘများကို ပို၍မကြည်ပေ။သို့သော် သူ့ဒေါသများကို အပြစ်မရှိသောကောင်ငယ်လေးအပေါ် ပုံချခြင်းမှာ မကောင်းတတ်သာပေ။

"ဟူး...Jeon Jungkookရေ။ငါမင်းကို ဘယ်လိုလုပ်ရပါ့"

လှည့်ထွက်သွားဖို့ပြင်နေစဉ်မှာပဲ ထိုကောင်ငယ်လေးသည် လက်ဖမိုးနှင့်မျက်လုံးကို ဖိပွတ်နေတာကြောင့် သူသေချာစူးစိုက်ကြည့်မိသည်။ကောင်ငယ်လေး ငိုနေသည်ပဲ။ငိုတာမှ အကြီးအကျယ်မို့ နောက်ကျောပဲမြင်ရတာတောင်မှ တသိမ့်သိမ့်တုန်နေသည်လေ။

"ဘာလို့ငိုနေတာလဲဟ"

ဒါသူ့အပူမပါတာကြောင့် အိမ်ထဲပြန်ဝင်မည်အပြု နောက်တစ်ခေါက်ထပ်ကြည့်မိသည်။ဘယ်ဘက်လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည့် ကလိုဗာဟန်းချိန်းလေးကို သူမြင်လိုက်ရတာကြောင့် မျက်လုံးများပိတ်သွားသည်အထိ ပြုံးလိုက်မိသည်။

Serenphoria ✔️Where stories live. Discover now