Ep-19

3.2K 376 5
                                    

Zawgyi
Taehyungတစ်ယောက် လေလွင့်သလိုခံစားနေရသည်။သူအငြင်းခံလိုက်ရသည်လေ ချစ်သောJungkookဆီကနေ၍။အခု မည်သူမျှမရှိသော အခန်းငယ်ထဲတွင် ထိုင်ကာ တရှုံ့ရှုံ့ငိုနေမိသည်။

ငါက မင်းအတွက်ဆို အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့သူပါကွာ....

အခုများတော့ သူကျောင်းမသွားသေးဘဲ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားရပေဦးမည်။

စတွေ့သည့်နေ့ကတည်းက ကျောင်းသားသစ်Jeon Jungkookဆိုသူကို သူစိတ်ဝင်စားခဲ့သည်။ဆရာမက နေရာချပေးစဉ်မှာလည်း သူ့ဘေးနားရောက်လာခဲ့သည့်မတွက် စိတ်ထဲကြိတ်ပျော်နေမိသည်။

ချစ်မိခဲ့တာ မှားတယ်လို့တော့ သူမထင်မိ။
မှားတယ်ဆိုလျှင်လည်း သူပျော်ပျော်ကြီးပင် ထိုအမှားကို လက်ခံလိုက်မည်။
:::::::::::::::::::::::
စံအိမ်ကြီး၏ အပေါ်ထပ်တစ်နေရာမှာတော့ ဗရုတ်သုတ်ခနိုင်နေသည့် Jeon Jungkookကို ထူးဆန်းစွာမြင်တွေ့ရမည်ဖြစ်သည်။ကျောင်းသွားဖို့အရေး ဆံပင်ကိုမနက်ကတည်းက ပုံသွင်းနေသည်မှာ မပြီးနိုင်တော့။အခုလည်း မှန်တင်ခုံရှေ့ထိုင်ကာ ဆံပင်အဖျားလေးတွေကို ကောက်စက်ဖြင့် ကောက်နေသည်လေ။

ဒေါက် ဒေါက်...

"ဝင်ခဲ့ပါ"

သူ့စကားအဆုံးမှာတော့ ကျွီခနဲပွင့်သွားသည့် တံခါးသံနှင့်အတူ အိမ်ထိန်းမင်ဝင်လာလေသည်။

"သခင်လေးjungkook ကျောင်းချိန်နီးနေပြီရှင့်"

"အာ ဟုတ်လား။ရတယ်လေ ကျနော်တစ်ယောက်ထဲသွားမှာပဲ ဘာမှမဖြစ်ပါဘူး"

"မဟုတ်ပါဘူး သခင်လေးJiminပါ လိုက်မှာလေ"

"nae?? Hyungက ကျနော်နဲ့အတူတူ ကျောင်းသွားမယ် ဟုတ်လား"

ပြောလည်းပြော လက်ထဲကကောက်စက်ကြီးကိုလည်း ဝုန်းခနဲပစ်ချလိုက်တာကြောင့် အိမ်ထိန်းမင်ခမျာ လန့်ဖြန့်သွားရှာသည်။

"ဖြည်းဖြည်းလုပ်ပါ သခင်လေးရယ်"

"အခုသွားမယ်လေ hyungစောင့်နေတော့မှာပဲ"

ချက်ချင်းကြီးပင် ယူနီဖောင်းကိုဖုန်ခါကာ လှစ်ခနဲပြေးထွက်သွားတာကြောင့် အိမ်ထိန်းမင်တစ်ယောက်ထဲ အခန်းထဲကျန်ခဲ့တော့လေသည်။သူအောက်ထပ်ရောက်တော့ ကျောင်းဝတ်စုံပေါ်တွင် မာဖလာအနီရောင်ကို ပတ်ခြုံထားသည့်hyungပုစိကို ဧည့်ခန်းထိုင်ခုံတစ်ခုံပေါ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

Serenphoria ✔️Where stories live. Discover now