Ep-27

2.7K 343 3
                                    

Zawgyi
"အား ဗိုက်ကိုတင်းသွားတာပဲ"

Hot potအိုးထဲတွင် အရည်ပေါ် ပေါလောမြောနေသော
ကန်စွန်းရွက်တစ်ပိုင်းတစ်စနှင့် အသားဖတ် တစ်ဖတ်နှစ်ဖတ်သာကျန်တော့သည်ကို ငုံ့ကြည့်ရင်း ပြောလိုက်သူကYerin။

"အင်း တော်တော်စားလို့ကောင်းတယ်ဟ...နောက်လည်းအများကြီးထရိ(treat)နိုင်ပါစေဟာ"

ခုံပေါ်တွင် ခပ်လျောလျောထိုင်နေသောTaehyungက မချိသွားဖြဲလျက်ပြောလာသည်။Jungkookလည်း အစားလွန်ပြီးဗိုက်တင်းသွားတာကြောင့် ဘာစကားမှပင်မပြောနိုင်တော့ပေ။

"ကဲ အိမ်ပြန်ကြမယ်လေ ထထ"

Yerinက ထိုင်ရာမှထကာ ကောင်တာသို့လျှောက်သွားပြီးပိုက်ဆံရှင်းနေသည်။သူရယ် Taehyungရယ်ခမျာ အခုထိမထနိုင်သေး။

"ဟိုနှစ်ယောက် လာကြလေ"

အသံကျယ်ကျယ်နှင့်လှမ်းခေါ်လိုက်တာကြောင့် နှစ်ယောက်သားထိုင်နေရာမှ ခပ်လေးလေးထလာခဲ့ကြသည်။

"ကဲ ငါသွားတော့မယ် တာ့တာနော်"

တာ့တာပြပြီးနောက် အိမ်ကလာကြိုသည့်ကားပေါ်တက်သွားသည့်Yerinကို ကြည့်ပြီးသူတို့နှစ်ယောက်ကျန်ခဲ့သည်လေ။သူလည်း တက္ကစီငှါးကာအိမ်ပြန်မည်အပြု လက်ကိုလှမ်းဆွဲလိုက်သောTaehyungကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားရသည်။

"ဂုဏ်ပြုပါတယ် မင်းနဲ့Jimin hyungတွဲသွားတာကို"

"အင်း ကျေးဇူးပဲTaehyung မင်းလည်းYoongi hyungနဲ့အဆင်ပြေတော့မှာပဲကို"

"အဟမ်း ငါနဲ့သူကဘာမှမဟုတ်ပါဘူး မင်းကလည်း"

"ဟုတ်ပါပြီ ငါအိမ်ပြန်တော့မယ်နော်...တာ့တာ"

"အင်း အင်း သွားတော့"

သူJungkookကို မေ့ပစ်ဖို့အချိန်တန်လာပြီထင်ပါရဲ့...

တစ်ယောက်တည်း အိမ်ကိုလမ်းလျှောက်ပြန်လာစဉ်မှာပဲ လမ်းဘေးမီနီမတ်တစ်ခုထဲမှ အအေးသောက်ကာရုတ်တရက်ကြီးထွက်လာသော အကိုYoongiကြောင့် သူထိတ်လန့်သွားရသည်။

"ဟေး Taehyung ah အိမ်ပြန်မလို့လား...ငါမင်းကိုစတိုးဆိုင်မှာလာရှာသားပဲ မတွေ့လို့"

Serenphoria ✔️Where stories live. Discover now