Ep-8

3.6K 436 1
                                    

Zawgyi
သူ့မျက်စိရှေ့တွင် ပန်းစည်းလေးကိုင်ကာမတ်တပ်ရပ်နေသောKim Yerinကို သေချာကြည့်နေမိသည်။သူပဲအမြင်မှား နားကြားလွဲသလားတော့မသိ။ထိုကောင်မလေးက သူ့ကိုချစ်သည်တဲ့လေ။

"Kim Yerin shi မင်းကဘာလို့ငါ့ကိုချစ်တယ်လို့လာပြောရတာလဲ မင်းကငါ့hyungရဲ့ ရည်းစားမဟုတ်ဘူးလား"

"အဟင်း တို့ကJeonကိုပဲ ချစ်တာလေ Park Jiminနဲ့ကအပျော်တွဲတာ"

ပက်ကျိသံနှင့် အီစီကလီပြောနေသောကောင်မလေးကိုကြည့်ပြီး သူနှာခေါင်းရှုံ့မိလိုက်သည်။

"ဘာရယ် မင်းအကြံပက်စက်လှချည်လား"

"ဪ မပက်စက်ရပါဘူးJeonရယ် အခုပဲPark Jiminကို ဒီကိုလာဖို့ခေါ်ထားတယ် အများရှေ့မှာလမ်းခွဲဖို့"

"မင်းတော်တော်လေးယုတ်မာပါလား hyungကတော့မင်းကိုချစ်လိုက်ရတာ"

"ချစ်တာမချစ်တာ သူ့အပိုင်းပေါ့Jeonရယ်"

Yerinကို သူစူးစူရဲရဲကြည့်နေစဉ် အခန်းဝမှလူတစ်ယောက်အသံကြားလိုက်ရတာကြောင့် ဖြတ်ခနဲလှည့်ကြည့်လိုက်မိသည်။သူကြည့်နေချိန်မှာပဲ ပါးကိုဖြတ်ခနဲအနမ်းခံလိုက်ရတာကြောင့် အံ့ဩသွားချိန်မှာ ထိုလူကတော့ ကြောင်ကြည့်နေလေသည်။

"အဟိ Jeon na ငါနင့်ပါးကိုနမ်းခဲ့ရပြီ"

အခန်းဝမှလူကား သူ့hyung။Hyungသည် ဝုန်းဒိုင်းကြဲကာ
သူ့ဆီရောက်လာပြီး မေးရိုးကိုခွပ်ခနဲဆွဲထိုးလိုက်သည်။

"Jeon Jungkook မင်းအတော်ယုတ်မာပါလား။ဘာလဲ ကုမ္ပဏီမကလို့ ငါ့ကောင်မလေးကိုပါလုယူချင်နေတာလား"

"Hyung.....ကျနော်"

"Jimin oppa ကျမပြောစရာရှိတယ်"

Yerinအသံကြားမှပင် hyungလည်းစိတ်ငြိမ်သွားတော့သည်။

"ဘာလဲYerin ပြောလေ"

"ကျမတို့လမ်းခွဲရအောင်..."

"Yerin na....နောက်နေတာမဟုတ်လား oppaကိုစိတ်ကောက်လို့နောက်နေတာမဟုတ်လား"

"မဟုတ်ဘူး ကျမJeonကိုချစ်တယ်။သူကျောင်းစပြောင်းလာကတည်းက စိတ်ဝင်စားခဲ့တာ။သူကျမကိုသတိထားမိဖို့အတွက် Park Jimin ရှင်နဲ့တွဲခဲ့တာ"

Serenphoria ✔️Tahanan ng mga kuwento. Tumuklas ngayon