Ep-15

3.5K 420 0
                                    

Zawgyi
နောက်နေ့မနက်ခင်းမှာတော့ သူ့ကိုချိုချိုသာသာပြန်ပြောလာသည့်hyungကြောင့် သူ့စိတ်ထဲကြည်နူးနေမိသည်။အခုလည်း သူ့ကိုရေပတ်တိုက်ပေးနေတာကြောင့် သူကျေနပ်မိသည်လေ။

"အာ hyung ကျနော်အဖျားကျသွားပါပြီဆိုနေမှ...ရေပတ်တိုက်စရာမလိုတော့ဘူးလေ"

သူ့စကားသံကြောင့် ရေပတ်ဝတ်ကိုင်ထားသည့်လက်ဟာ လေထဲမှာတန့်ခနဲ။စူးစူးစိုက်စိုက်ကြည့်လာတာကြောင့် သူလန့်သွားသည်။

"ဟင် ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ"

"ဪ ရေပတ်တိုက်စရာမလိုမလား Jeon jungkookရဲ့။အခုစမ်းကြည့်ရင်တောင် ငွေ့ငွေ့လေးကျန်နေသေးတာကို"

"ဒါပေမယ့်....."

"မရှည်နဲ့ ငြိမ်ငြိမ်လေးနေ"

ပြီးတော့လည်း စိတ်ရှည်လက်ရှည်နှင့်ပင် သူ့ကိုသေသေချာချာရေပတ်တိုက်ပေးနေသော hyungကို ကြည့်ရင်းသူဆုတောင်းမိသည်။hyung၏ စိတ်နေသဘောထားနှင့် အပြုအမူများသည် နေ့တိုင်းဒီလိုပဲဖြစ်နေလျှင်ကောင်းမည်လေ။

"အင်း ဒီလောက်ဆိုရလောက်ပါပြီ"

"Hyung ကျနော့်ကိုစိတ်ဆိုးပြေသွားပြီလား"

"နည်းနည်းပေါ့"

ထို့နောက်ရေပတ်တိုက်သည့် အဝတ်နှင့်ရေပုံးကိုယူကာ သူ့ဘေးနားမှထထွက်သွားသောhyung၏ ကျောပြင်ကိုကြည့်ရင်း သူသက်ပြင်းချလိုက်သည်။

ဘယ်တော့များမှhyungက သူ့ကိုပွင့်ပွင့်လင်းလင်းဆက်ဆံမှာလဲ.....

ညနေရောက်တော့ ဆေးရုံဆင်းဖို့အထုပ်တွေပြင်ရသည်။appaရယ် ommaရယ်ကသူ့ကို စိုးရိမ်နေကြဆဲ။

"သားjungkook တကယ်အဆင်ပြေရဲ့လား"

"ပြေပါတယ်omma ကျနော်တကယ်အဆင်ပြေပါတယ်"

"ဟုတ်ပြီ အိမ်ရောက်ရင်အပြည့်အဝအနားယူဦးနော်။ထပ်မဖြစ်တာ အကောင်းဆုံးပေါ့"

"ဟုတ်ကဲ့ပါ။ဒါနဲ့ hyungရော"

တစ်ချိန်လုံးတိတ်နေသည့်appaက ဝင်ပြောသည်။

"မင်းhyungက မနေ့ကတစ်နေကုန်ဒီဆေးရုံမှာပဲနေရလို့ ပင်ပန်းတယ်ဆိုပြီး အိမ်ခဏပြန်သွားတယ်"

Serenphoria ✔️Where stories live. Discover now