Ep-26

2.8K 333 6
                                    

Zawgyi
သုံးယောက်သား စားလည်းစား စကားလည်းများနေစဉ်မှာပဲ စားပွဲပေါ်ကျလာသည့် ပုတိုတိုအရိပ်နှစ်ခုကြောင့် ခေါင်းထောင်ကြည့်မိလိုက်တော့ Park Jiminနှင့် Min Yoongiဖြစ်နေသည်။

"Hyung စားပြီးပြီလား ကျနော်နဲ့လာထိုင်လေ"

"အင်း hyungကစားပြီးပြီ Jungkookကိုလာကြည့်တာ...ရာသီဥတုအေးတယ် မာဖလာမချွတ်နဲ့....ရေကိုနာရီဝက်တစ်ခါသောက်"

မှာတမ်းခြွေနေသော Hyungကိုကြည့်ကာ Yerinမျက်နှာမှာရှုံ့တွနေသော သရက်သီးဆားရေစိမ်လိုမျိုး ဖြစ်သွားသည်။Taehyung၏အကြည့်တွေကတော့ အနောက်မှာရပ်နေသည့် Min Yoongiဆီမှာ တဝဲလည်လည်။

"ဟုတ်ပါပြီhyungရယ်"

အကဲပိုနေကြသော စုံတွဲကိုကြည့်ကာ Yoongiတစ်ယောက် ချောင်းတစ်ချက်ဟန့်လိုက်သည်။

"အဟမ်း Jimin na...မင်းကောင်လေးက မူကြိုကလေးလည်းမဟုတ်ဘူး...သူ့ကိုယ်သူဂရုစိုက်ဖို့လောက်ကတော့ သိပါတယ်ဟ"

"ဟုတ်တယ် အကိုပဲပြောတော့"

ထမင်းတစ်လုပ်ဝါးရင်း ထောက်ခံလိုက်သည့် Taehyungကို အကုန်ဝိုင်းကြည့်နေကြသည်လေ။

"မင်းက Yoongi hyungနဲ့သိနေတာလား"

Jiminက အလန့်တကြားထမေးတော့ Taehyungကခပ်အေးအေးပင် ခေါင်းပြန်ငြိမ့်ပြသည်။
ယောက်ျားလေး လေးယောက်ကြားထဲ odd one outဖြစ်နေသည့် Yerinမှာတော့ ဘာလုပ်ရမှန်းမသိတာကြောင့် မျက်စိရှေ့မြင်သမျှ အစားအသောက်တွေကို တဇွတ်ဇွတ်စားနေလေသည်။

"ကဲ ဒါဆိုhyungသွားဦးမယ်...ချစ်တယ်Jungkook"

"Hyungကိုလည်း ချစ်တယ်"

နှုတ်ဆက်ပြီးထွက်သွားသောhyungကို သူကြည့်ကာနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်။Taehyungကလည်း အဝေးရောက်သွားသော Yoongiကို စူးစိုက်ကြည့်နေတုန်း။ရှိသမျှအကုန်စားပြီးသွားသော Yerinကတော့ သူတို့နှစ်ယောက်ကို ထိုင်ကြည့်နေရှာသည်လေ။

"ကဲကဲ Jungkook Taehyung ဆိုင်ရာပိုင်ရာတွေကို ငေးလို့ငမ်းလို့ပြီးပြီဆိုရင်လည်း ထ...အတန်းထဲပြန်ကြမယ်"

Yerinပြောလိုက်သော စကားကြောင့် Taehyungခမျာ ရှုးရှုးရှဲရှဲဖြစ်သွားလေသည်။သူကတော့ မချိပြုံးပြုံးလို့ပေါ့။

Serenphoria ✔️Donde viven las historias. Descúbrelo ahora