Ep-38

2.7K 287 14
                                    

Zawgyi
မွှန်ထူနေသောဓာတ်ဆီနံ့များကြောင့် Jungkookအသက်ကိုမနည်းလုရှူနေရသော်လည်း လူကအင်မတန်မှ မူးဝေနောက်ကျိနေပြီ။

"ဘယ်လိုလဲ သေနတ်နဲ့အပစ်ခံမလား၊မီးရှို့အသေခံမလား"

Jungkookခမျာပါးစပ်ကိုဖွင့်၍ စကားကိုပင်မနည်းပီအောင်ပြောနေရသည့်အဖြစ်။

"ခင်ဗျားဘာလို့...အဲ့လောက်တောင်ရက်စက်ရတာလဲ၊အဖေ့ကိုသတ်ပြီးရင် ပြီးပြီမဟုတ်ဘူးလား"

အာခေါင်ခြစ်ကာအော်လိုက်ချင်သော်လည်း သူဓာတ်ဆီနံ့တွေနှင့်မွန်းနေပြီဖြစ်သည်။

"မရဘူး!မင်းကိုပါ သတ်ပစ်ရမှကျေနပ်နိုင်မယ်"

နတ်ဆိုးတစ်ကောင်ဝင်ပူးနေသည့်အလား ဆိုးသွမ်းနေသည့်Park Seohunမှာ သူShrine groupစံအိမ်သို့စစရောက်ချင်းတုန်းက ဂရုစိုက်ပေးခဲ့သည့်လူနှင့် လားလားမှမတူတော့။တကယ်ကို စက်ဆုပ်ဖွယ်ကောင်းလှသည်။

"ဟုတ်ပြီလေ သတ်ချင်တယ်ဆိုတော့လည်းသတ်ပေါ့ ဒါပေမယ့်ကျွန်တော်ရိုးရိုးအသေခံမှာမဟုတ်ဘူး၊သူသေကိုယ်သေချကြတာပေါ့ Park Seohun"

သူ့စိန်ခေါ်မှုကြောင့် ဆတ်ခနဲခေါင်းထောင်လာသောPark Seohun။

"အဟက် ကောင်းပြီလေ"

သူ့ကိုတုပ်ထားသောကြိုးများကို ဖြည်ပေးနေသော နောက်လိုက်လူမိုက်များကို တတ်သလောက်မှတ်သလောက်boxingသင်တန်းမှ အကွက်များနှင့် မထိခိုက်နိုင်မည့် ခြေသလုံး၊ညို့သကျည်းတို့ကို ဆော်ပေးလိုက်သည်။

"Jeon Jungkook...မင်းအခုဘာလုပ်လိုက်တာလဲ"

နောက်လိုက်များမှာ ကြမ်းပြင်ပေါ်တွင်အတုံးအရုံးလဲကြနေလေပြီ။အခုမှ ထိတ်ထိတ်ပြာပြာဖြင့် Jungkookကို Seohunကလှမ်းကြည့်နေသည်။

"ဘယ်လိုလုပ်မလဲ ကျွန်တော်လည်းအခုခင်ဗျားကို ပစ်သတ်လိုက်ရင်ကောင်းမလား"

ခုနက ပြုတ်ကျနေသည့် ပစ္စတိုအသေးတစ်လက်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကာ အော်မေးလိုက်သည်။စိတ်တိုလွန်းတာရော ခံပြင်းလွန်းတာရောပေါင်းပြီး မျက်ရည်တွေဝဲလာသည်။

Serenphoria ✔️Where stories live. Discover now