Ep-29

2.7K 332 12
                                    

Zawgyi
ပြောပြီးသူ့အရှေ့ကို တိုးလာသော အကိုYoongiကြောင့် သူတဖြည်းဖြည်း အနောက်နံရံကို ကပ်မိသွားသည်။

"ဘာ ဘာလုပ်တာလဲဗျ"

အော်နေသော်လည်း အနားကိုပိုလို့ပင် တိုးကပ်လာတာကြောင့် သူမျက်စိစုံမှိတ်ကာ ဖြစ်သမျှအကြောင်း အကောင်းမှတ်ဟုပဲ တွေးကာ ငြိမ်ငြိမ်နေလိုက်တော့သည်။

အချိန်ကြာသွားတဲ့အထိ ဘာမှမလုပ်လာတာကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့ကိုကြည့်ကာရယ်နေသည်လေ။

"ငါက အဲ့လို အသားယူမယ့်လူလား"

"မ မသိဘူးလေဗျာ"

"ဟားဟား ငါကမင်းငါ့ကို ပြန်ချစ်ပြီး လက်ခံလာမယ့်အချိန်ထိကို စောင့်မှာပါ၊အဲ့တော့မှပဲ အဟင်း"

ခပ်ရွဲ့ရွဲ့ပြုံးပြကာ လှည့်ထွက်သွားတာကြောင့် ရင်ထဲမှာဖိုးသိုးဖပ်သပ်တွေဖြစ်ကာ ကျန်ခဲ့သောသူမှာ Kim Taehyungသာ။

ဘယ်လိုလူလဲဟ....လောလောဆယ်တော့ သူများအိမ်မှာ နေနေသည့်အတွက်တော့ ဒီလူ၏မျက်နှာကို မကြည့်ချင်ဘဲ ကြည့်နေရဦးမည်။

သည်းခံ သည်းခံ....

သည်းခံခြင်းနဲ့အတူ ရင်ခုန်ခြင်းတွေရော ပါလာမှာလား...
ဒါကိုတော့ Taehyungတစ်ယောက်သာ သိပါလိမ့်မည်။
*************
တစ်ခုသော ညနေခင်းမှာလည်း Jiminတစ်ယောက် အခန်းထဲတွင် ဖုန်းသုံးနေစဉ် တစ်နေ့ကရိုက်ထားသော ဓာတ်ပုံထဲမှ လူများကိုကြည့်ရမည်ဟု တွေးကာ galleryထဲဝင်လိုက်သည်။

လူငယ်လေးယောက်....အတွဲကိုယ်စီနှင့် ခုံတန်းလေးပေါ်မှာ တန်းစီထိုင်နေကြသည်။သေသေချာချာကြည့်တော့မှ အတွဲတစ်တွဲမှာ သူ့အဖေနှင့် အမေဖြစ်နေသည်။

"ဟမ် အဖေနဲ့အမေပါလား"

ကျန်တစ်တွဲကို ဆက်ကြည့်မိတော့ သူ့မိဘများနှင့် သက်တူရွယ်တူထင်ရသည်လေ။အန်တီကြီးမှာ သွားများစီတန်းသည်အထိပြုံးနေကာ သူ့ဘေးမှဦးလေးကြီးကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်။

ကျန်တာ ဘာမှမထူးခြား။

ဆိုတော့ကား ဒီဓာတ်ပုံကို သူဘာဆက်လုပ်ရမှန်းမသိ။ဒီတိုင်း လူလေးယောက်...နှစ်ယောက်က သူ့မိဘတွေ။ကျန်တဲ့ နှစ်ယောက်ကို သူမသိ။ဘာမှကို စဉ်းစားမရသည့် ရိုးရိုးသာမာန်ဓာတ်ပုံသာဖြစ်သည်။

Serenphoria ✔️Hikayelerin yaşadığı yer. Şimdi keşfedin