Ep-18

3.1K 382 1
                                    

Zawgyi
Jiminလည်း ကျောင်းဆင်းတော့ အိမ်မပြန်သေးဘဲ Yoongi ခေါ်တာနှင့်ပင် မုန့်လျှောက်စားဖြစ်သည်။Yoongiနှင့် တစ်လောကမှခင်သော်လည်း အခုများတော့ တော်တော်လေးရင်းနှီးလို့။

"Jimin na မင်းရည်းစားတွေဘာတွေမထားဘူးလား"

"ဟင့်အင်း တစ်ယောက်ထားတာ။သစ္စာဖောက်ဖြစ်နေလို့ကွာ စိတ်ကုန်သွားပြီ"

"ဟင် ဟုတ်လား မင်းလိုဥစ္စာပေါ ရုပ်ချောကိုများ သစ္စာဖောက်ရဲသေးတယ်နော်"

သူဘာမှပြန်မပြောဘဲ လက်ထဲကိုင်ထားသည့် ကိုလာဘူးကိုသာ မော့သောက်နေလိုက်သည်။နှစ်ယောက်သားလမ်းလျှောက်နေရင်း မြစ်ကမ်းဘေးကခုံတန်းလေးတစ်ခုပေါ်မှာ ထိုင်နေကြသော လူနှစ်ယောက်ကို လှစ်ခနဲတွေ့လိုက်မိသည်။

သူမြင်သလိုyoongiလည်း မြင်သည်ထင်ပါရဲ့။သူ့လက်မောင်းကိုတို့ကာ တိုးတိုးပြောလာသည်။

"အဲ့ဒါမင်းညီလေး Jungkookမဟုတ်လား၊ပြီးတော့ဘေးက ဘယ်သူလဲ"

"ဪ အဲ့ဒါသူ့သူငယ်ချင်းKim Taehyungတဲ့"

"ချောသားပဲ"

Yoongiက ကောက်ချက်ချတော့သူပါခေါင်းငြိမ့်မိသည်။ဟုတ်သည်...taehyungသည် တကယ်ချောသောကောင်ငယ်လေးတစ်ယောက်ပင်။

"ကဲ ပြန်ကြတာပေါ့"

သူပြန်ဖို့ကြံရွယ်နေစဉ်မှာပဲ yoongiရဲ့အံ့ဩတကြီးဖြစ်နေတဲ့မျက်ဝန်းတွေကြောင့် သူ့ခြေလှမ်းတွေရပ်သွားရသည်။

"Yoongi ပြန်မယ်လေ ဘာတွေဖြစ်နေတာလဲ"

သူလည်းyoongiကြည့်နေသော နေရာကိုကြည့်လိုက်တော့Jungkookနှင့် Taehyungတို့နှစ်ယောက်သားက နမ်းနေကြသည်ကိုတွေ့လိုက်ရသည်။သူ့ရင်ထဲဗြောင်းဆန်သွားသလိုပင်။

"မင်း ညီက gayလား"

"ငါမသိဘူး ပြန်ကြရအောင်yoongi"

အမှန်တကယ်တော့ သူထိုမြင်ကွင်းကိုဆက်ကြည့်နိုင်စွမ်းမရှိတော့တာကြောင့်။

မင်းခံစားချက်တွေက ငါ့အပေါ်ပဲသက်ရောက်တယ်ထင်ခဲ့တာJeon Jungkook...
::::::::::::::::::::::::::::
Jungkookခမျာ အဲ့လိုအပြောခံလိုက်ရတာကြောင့် ယောက်ယက်ခတ်နေသည်လေ။အခုကိစ္စက သူကစနမ်းတာမဟုတ်ဘဲ တစ်ဖက်လူကစနမ်းတာကြောင့် သူမမှားဘူးဟုထင်မိသည်။hyungကို စကားပြောချင်သော်လည်း
သူ့အနေနှင့် ကြောက်နေမိတာကခပ်များများကြောင့် အခုထိhyung၏ အရိပ်ကိုပင်မဖမ်းမိသေး။

Serenphoria ✔️Where stories live. Discover now