part-2

31.6K 3.1K 126
                                    

အဖွားကင်မ်အနေနဲ့သူ့မြေးထယ်ယောင်း
ပါးဖောင်းဖောင်းမို့မို့လေးတွေကိုဆေးလူး
ပေးရင်းစိတ်မကောင်းဖြစ်မိသည်...သခင်လေး
ကပါးဖောင်းဖောင်းလေးတွေကိုလက်နဲ့တအားဖိညှစ်လို့ထင်ပါးမို့မို့လေးတွေမှာနီရဲပြီး
ဖောင်းအစ်နေရော...ဒါတောင်သူ့အဖွားစိတ်ဆင်းရဲမှာစိုးလို

''နာဘူး...ထယ်နာဘူး...''ဆိုပြီးအတင်းငြင်း
ပြန်တဲ့ကလေးငယ်...ဆေးလိမ်းပေးပြီးသည်နှင့်ထယ်ယောင်းကိုမုန့်နည်းနည်းကျွေးကာသိပ်ထားလိုက်သည်...မနေ့တုန်းကအဖြစ်အပျက်တွေကြောင့်ထယ်ယောင်းလေးလည်းလန့်ကာအိမ်ကြီးဘက်ခြေဦးမလှည့်ရဲတော့ပင်...
အဖွားကင်မ်လည်းသူမြေးအားစောင်လေးသေချာလုံအောင်ခြုံ ပေးကာ...တန်းလျှားကနေစံအိမ်ကြီးဆီသို့ဦးတည်ထွက်ခဲ့သည်...

စံအိမ်ထဲကိုခြေချမိသည်နှင့်မနက်တိုင်းမြင်နေကျမြင်ကွင်းတစ်ချို့ကအဖွားအိုအားစီးကြိုလျှက်...အိမ်ကြီးရဲ့အောက်ထပ်မှာသူ့အတ္တကိုယ့်အတ္တရှေ့တန်းတင်ကာရန်ဖြစ်နေကြတဲ့စံအိမ်သခင်နဲ့သခင်မကြီး...ဒါတွေကမဆန်းပေမဲ့နေ့တိုင်းကြီးပုတ်သတ်နေကြတဲ့အိမ်ထောင်မူ့ပဋ္ဌိပက္ခတွေကြောင့်သနားစရာသခင်လေး
မှာမြေစာပင်သဖွယ်...လုပ်နေကြအလုပ်တိုင်း
နောက်ဖေးဝင်ပြီးချက်ပြုတ်ရန်ပြင်ဆင်လိုက်
ပေမဲ့...အနားကိုရောက်လာတဲ့အိမ်တော်ထိန်းမင်ကြောင့်အရိုအသေပေးလိုက်သည်

''အဖွားအိုကင်မ်...''

''ဟုတ်ကဲ့...''

''သခင်လေးကထုံးစံအတိုင်းသောင်းကျန်းနေတယ်...အခုအဖွားမင်မှကျောင်းဝတ်စုံလာလဲမပေးရင်ကျောင်းမတက်ဘူးလို့ပြောနေလို့...''

အိမ်တော်ထိန်းမင်စကားကြောင့်အဖွားအိုနှလုံးရောဂါပိုတိုးဖွယ်ရာရှိ...မနက်တိုင်းအမြဲအလိုမကျတဲ့ကလေးကအခုသူမကိုစပြီးပြ
သနာရှာလေပြီ...ငြင်းဆန်လို့လည်းမဖြစ်...
သူ့ဆန်စားမှရဲရတော့မှာပေါ့လေ...ခပ်ကုပ်
ကုပ်လေးလှေကားပေါ်တက်သွားတဲ့အဖွားအို
ကကြီးမားခံထည်သောသစ်သားတံခါးကြီးကို
တွန်းဖွင့်ကာဝင်လိုက်တယ်ဆိုရင်ပဲ...ကျယ်ဝန်းတဲ့အခန်းကျယ်ကြီးရဲ့...အနီရောင်ဆိုဖာ
ကြီးပေါ်တွင်စူပုပ်နေသောသခင်လေး...

သခင်(Complete)Where stories live. Discover now