ထယ်ယောင်းရဲ့လက်အစုံသည်ph Screenထက်
တွင်ပြေးလွှားလျှက်....သူရှာနေမိတာကဟွာချန်းမိဘမဲ့
ဂေဟာ...ဘာရယ်မဟုတ်ဆရာပတ်ဘိုဂမ်ခဏခဏ
ပြောတဲ့ဆင်းရဲတဲ့ဟွာချန်းမိဘမဲ့ဂေဟာကိုသိချင်ရုံ
သက်သက်သာ....ဆရာဘိုဂမ်ပြောတဲ့အတိုင်းပင်
ဟွာချန်းမိဘမဲ့ဂေဟာသည်ဆင်းရဲနွမ်းပါးသည်..
နောက်ပြီးခေါင်ခိုက်နေတဲ့နေရာမှာရှိတာမို့အလူ
ရှင်နည်းပါးသည်လည်းပါမည်...ကလေးငယ်အများ
ကြီးကိုပြုစုစောင့်ရှောက်ရသည်မို့ဆင်းရဲနွမ်းပါး
တဲ့မိဘမဲ့ကျောင်းလေးကိုကြည့်ရင်းကြင်နာသနား
တတ်တဲ့ထယ်ယောင်းစိတ်ထဲလုံးဝမကောင်းပါPhလေးကိုပိတ်ရင်းထယ်ယောင်းသက်ပြင်းသဲ့သဲ့
လေးချမိသည်...သူကိုကိုဆူမှာလည်းကြောက်သည်..
နောက်ပြီးဒီမွန်မြတ်တဲ့ဒါနလေးမှာလည်းပါဝင်ချင်
သည်...နောက်ဆုံးကောင်းတာလုပ်တာပဲလေ
ကောင်းတာပဲဖြစ်မှာပဲလို့တွေးကာဆရာဘိုဂမ်
ဆီကိုသဘောတူကြောင်းmassageပို့လိုက်သည်phတော့မပြောဖြစ်..
ဆရာကတော်ရုံနဲ့လေကြောပြတ်မည်မဟုတ်.."ထယ်...."
အသံနဲ့အတူအခန်းထဲဝင်လာတဲ့ကိုကို
မပြောမဆိုဘဲအခန်းထဲဝင်လာတဲ့ကိုကိုကြောင့်ထယ်
ယောင်းကမန်းကတန်းအိပ်ယာပေါ်ကနေကုန်းရုန်း
ထလိုက်သည်"ကိုကိုရယ်...လန့်လိုက်တာ..."
သူ့အပြောကို..ကိုကိုကသဘောကျပုံမပြ
"ဘာမဟုတ်တာတွေလုပ်ထားလို့ငယ်ကလန့်နေရ
တာလဲ....""လုပ်စရာလား...ကိုကို့ကလေးငယ်ကလိမ္မာပြီးသား
ကိုး...."ခေါင်းအုံးလေးကိုစောင့်ချရင်းပြောလာတဲ့ထယ်
ယောင်းငယ်..အိမ်နေရင်းဘောင်းဘီအတိုနဲ့တီ
ရှပ်ပွပွတစ်တည်သာဝတ်ထားတဲ့ကလေးမဟုတ်
တဲ့သူ့ကလေးကအသဲယားဖို့ကောင်းသည်"ချစ်စရာလေးကွာ...ငယ်က..."
"ချစ်ဖို့ကောင်းမှာပေါ့...ငယ်ကကိုကိုကလေးပဲ"
"အာ...ဒီကောင်လေး.."
စကားတစ်ခွန်းပြောတိုင်းအသဲကိုတစ်ခါခြွေသူမို့
အသဲယားစွာပင်ခပ်သေးသေးကိုယ်လုံးလေးကို
ညှစ်ဖက်မိတော့သူ့ဆည်းလည်းလေးကအသံ
လေးတွေဆူညံ့လို့