ဒီလိုနဲ့အချိန်ကုန်လာလိုက်တာတစ်နှစ်ကျော်ကျော်အတိုင်းအတာတစ်ခု...ထယ်ယောင်းငယ်လေးလည်းကိုကိုကုကီနဲ့တော်
တော့်ကိုခင်တွယ်နေပြီလေ...အများအမြင်မှာတော့ကိုကိုကုကီကယောင်းငယ်ထက်အကြီး
လည်းဖြစ်တဲ့အပြင်...ယောင်းငယ်တို့ရဲ့အလုပ်ရှင်သူဌေး
ရဲ့သားလည်းဖြစ်တဲ့အတွက်အနိုင်ကျင့်မယ်လို့ထင်ကောင်း
ထင်နိုင်သည်...သို့သော်ဂျောင်ကုဘယ်တော့မှထယ်ယောင်း
ငယ်အပေါ်အနိုင်လည်းမကျင့်ခဲ့သလိုစကားတောင်အသံမာ
မာနဲ့မပြောခဲ့...ဒီနေ့ကျောင်းစတက်ရမဲ့နေမို့ထယ်ယောင်းစိတ်လူပ်ရှား
လျှက်...ကျောင်းအကျီ င်္ဘောင်းဘီတွေကကိုကိုအမေသူဌေး
မကြီးဝယ်ပေးထားသလိုကျောပိုးလွယ်အိတ်လှလှလေးကလည်းကိုကိုကိုယ်တိုင်မလွယ်ရသေးတဲ့အသစ်စက်စက်လေး
ကိုပေးထားတာတဲ့...အောက်ကShoesဖိနပ်လေးက
အရမ်းလှတာ...ယောင်းငယ်လေးကတော့ပျော်လွန်းအား
ကြီးလို့အိမ်ကျဉ်းကျဉ်းလေးထဲမှာလျှပ်စီးလက်အောက်ခုန်
ပေါက်နေလေရဲ့...''မြေး...အရမ်းမဆော့ရဘူးလေကွယ်...ကျောင်းအကျီင်္တွေ
စွန်းကုန်တော့မယ်...''ဆူလိုက်တာနဲ့အမောင်ယောင်းငယ်ကမျက်နှာautoဆူ
ပြီးသား...''ဒီကိုလာပါဦး...မြေးရဲ့...''
သူမဆန့်တန်းထားတဲ့လက်နှစ်ဖက်ကြားလူပ်တုပ်လူပ်တုပ်
နဲ့ဝင်လာတဲ့မြေးငယ်လေး...ကြည့်ပါဦးကျောင်းတောင်မတတ်ရသေးအဆော့သန်လေးက
ချွေးတွေထွက်နေတဲ့အပြင်အကျီ င်္အဝတ်အစားတွေပါတွန့်
ကြေကုန်သည်''မြေး...ဒီအကျီ င်္ကိုဘယ်သူဝယ်ပေးထားတာလဲ...''
အဖွားအိုစကားကိုမြေးငယ်ကသူ့အပြစ်ကိုသူသိသူပီပီ
လက်နှစ်ဖက်ပိုက်ရင်း...''သူဌေးမကြီးပါဖွားဖွား...''
''သူဌေးမကြီးကသားကိုချစ်လို့ပေးထားတဲ့အဝတ်အစား
ကိုသားတန်ဖိုးထားရမှာပေါ့...မြေးပိုက်ဆံတစ်ကျပ်မှမပါဘူး
ဆိုပြီးသူများပေးတာကိုတန်ဖိုးမထားမလုပ်ရဘူး...စည်းကမ်း
ရှိရှိကိုင်တွယ်ရမယ်...နောက်ပြီးဘယ်တော့မှဂျွန်မိသားစု
အပေါ်ကျေးဇူးမကန်းရဘူး...ဟုတ်လား...''