မနက်မိုးလင်းလူကြီလူကောင်းစတ်ုင်လ်နဲ့ရောက်ချလာတဲ့
ဟိုမိသားစု.....သူ့ထက်နည်းနည်းကြီးတယ်ဆိုတဲ့ပတ်ခ်
ဘိုဂမ်ဆိုတဲ့အစ်ကို...ထိုအစ်ကိုကြည့်ရတာပျော်ပျော်
နေတတ်ပြီးခင်မင်ရင်းနှီးလွယ်မဲ့ပုံ...အစ်ကို့ဘက်ကစကား
တွေပြောနေပေမဲ့ဂျောင်ကုကတော့သိပ်ပြီးတက်တက်ကြွ
ကြွမရှိ...အလိုက်အထိုက်လေးပင်...ဒယ်ဒီနဲ့အန်ကယ်ပတ်ခ်ကCompanyကိစ္စတွေဆွေးနွေး
နေကြပေမဲ့အကြွားသန်လွန်းတဲ့မာမီကတော့ပတ်ခ်ကတော်
နဲ့စကားဖောင်ဖွဲ့နေပုံ...စကားမစပ်သားရေးသမီးရေးဘက်
ရောက်သွားသည်နှင့်...ပတ်ခ်ကတော်ကအိမ်မှာကျန်ခဲ့တဲ့
သူ့တူမလေးဟာဘယ်လောက်လှကြောင်းဘယ်လိုချစ်ဖို့
ကောင်းကြောင်းချည်းပြောနေတော့...အကြွားသန်တဲ့
ဂျွန်သူဌေးကတော်ကနားသာထောင်နေရသည်...ဆား
မပါတဲ့ဟင်းလိုပေါ့ပျက်ပျက်ကြီး...လက်ထဲကအကောင်းစား
လက်ဖက်ခြောက်ကိုဇိမ်ခံသောက်ရင်းသူပြီးရင်ကိုယ့်အလှည့်
ဆိုပြီးလှောင်ပြုံးလေးပြုံးလျှက်...''သူဌေးကတော်ရယ်...ကြည့်ပါဦး...ဒါကျွန်မတူမလေး
ပတ်မီယွန်းရယ်...ချစ်စရာမကောင်းဘူးလား...ကြီးလာ
ရင်သူဌေးကတော်ဖြစ်မဲ့ရုပ်လေး...ဟင်း...ဟင်း...''ဖုန်းလေးထိုးပေးရင်းပြောလာသည်မို့သူဌေးကတော်
ဂျွန်မှာမကောင်းတတ်လို့သာကြည့်လိုက်ရသည်...PH
screen ထက်ကထယ်ယောင်းနဲ့ရွယ်တူကလေးမသေး
သေးလေး...ဖြူ ဖြူ ဖွေးဖွေးလေးပေမဲ့သူမမျက်စိထဲတွင်
ထယ်ယောင်းလောက်ကြည့်မကောင်း'ကလေးမလေးကချောသားပဲ...ဒါပေမဲ့ဂျွန်အိမ်ရဲ့မွေးစား
သားလေးကိုတော့မမှီဘူးထင်တယ်...''ဟုတ်ပါသည်...ထယ်ယောင်းငယ်ကသာလက်မခံသာ...
ဂျွန်မိသားစုကထယ်ယောင်းကိုသူတို့မိသားစုဝင်ဖြစ်ဖို့ကြို
ဆိုပြီးသား...ထယ်ယောင်းကိုလည်းလိုလေသေးမရှိထား
ပေးသည်...''မွေးစားကလေး...''
''ဒါပေါ့...''
မထင်မှတ်တဲ့စကားကြောင့်အံသြသွားပုံရတဲ့ပတ်ကတော်...
''ခဏလေးစောင့်ဦး...''
လက်ဖက်ရည်ခွက်ကိုအသာအယာအောက်ခံကြွေပြားပေါ်
ပြန်ချကာ...အိမ်တော်ထိန်းမင်အားလှမ်းခေါ်သည်...