ကိုကိုနဲ့တွေ့ပြီးနောက်နေ့ညနေမှာတင်ထယ်ယောင်း
ဒယ်ဒီနဲ့အတူကိုရီယားပြန်လာခဲ့သည်...ထယ်ယောင်း
အတွက်ဒီခရီးစဉ်လေးကအရမ်းကိုပျော်ဖို့ကောင်း
ခဲ့သည်....ကိုကိုနဲ့လည်းတွေ့ခွင့်ရခဲ့တဲ့အပြင်ကိုကို
လက်ဆောင်ပေးတဲ့Decemberကျောက်လက်စွပ်လေး
ကိုလည်းရခဲ့သည်. ...အဲ့လက်ဆောင်တွေထက်ထယ်
ယောင်းရခဲ့တဲ့အသိတစ်ခုက...ကိုကိုကသူနဲ့အနေဝေးနေပေမဲ့သူ့အပေါ်ဘယ်တော့မှသွေးမအေးဘူးဆို
တဲ့အသိ...ကိုကိုသူ့ကိုချစ်ပေးလေလေဂရုစိုက်ပေးလေလေ...ကိုယ့်ကိုကိုယ်ရှာဖွေတွေရှိကာသူဖြစ်တည်
မူ့ကလည်းကိုကိုတစ်ယောက်ထဲပဲအတွက်ဆိုတာ
ပိုနားလည်လာခဲ့သည်....ရက်ကိုလစားလကိုနှစ်စားရင်းကိုကိုပြင်သစ်သွားတာ
တစ်နှစ်ပြည့်လုလု..ထယ်ယောင်းကတော့ကျောင်း
ပိတ်ထားသည်မို့အိမ်မှာမေမေကြီးနဲ့ဖေဖေကြီးရဲ့ဝေ
ယျာဝစ္စတွေဝိုင်းကူလုပ်ရှာသည်...သူ့အတွက်ဂျွန်
မိသားစုသည်ကျေးဇူးရှင်ဆိုရင်လည်းမမှား...ကိုကို
နဲ့သူရဲ့အချစ်ရေးကိုကန့်ကွက်ခြင်းမရှိသဘောထား
ကြီးစွာလက်ခံပေးထားသည်.....ဂျွန်မိသားစု
အပေါ်တင်နေတဲ့ကျေးဇူးကြွေးတွေကိုဒီတစ်သက်
ထယ်ယောင်းဆပ်လို့ကုန်မယ်မထင်...အကယ်၍
သေ သွားရင်တောင်သူကဂျွန်မိသားစုရဲ့ဝိဥာဏ်ဖြစ်
နေဦးမှာ"ထယ်ထယ်...သခင်မကြီးခေါ်နေတယ်.."
.အနောက်အိမ်အကူကောင်မလေးရဲ့စကားကြောင့်
လုပ်လက်စအသီးအရွက်လှီးနေတဲ့အလုပ်ကိုရပ်ကာ..Apornကိုချွတ်ရင်းအရှေ့သို့ထွက်လာခဲ့သည်"ထယ်...မနက်ဖြန်ကျရင်မားမားနဲ့ဒယ်ဒီတို့ကိုမင်္ဂလာဆောင်ဖိတ်ထားလို့ သွားစရာရှိတယ်...သားလိုက်ခဲ့ပါလား...သားကိုကိုကလည်းအိမ်မှာရှိတာမဟုတ်တော့တစ်ခုခုပွဲထုတ်ရင်မားတို့သားကသားကိုပဲထုတ်ရတာ...ဘယ်လိုလဲမနက်ဖြန်လိုက်မယ်မလား...."
"ဟုတ်မေကြီး...သားလိုက်ခဲ့ပါမယ်...."
ထယ်ယောင်းစကားအဆုံးမေမေကြီးကထယ်ယောင်း
လက်လေးကိုခပ်ဖွဖွဆုပ်ကိုင်ကာ"ကျေးဇူးပဲ....ထယ်ထယ်..."
ထယ်ယောင်းမျက်နှာကအပြုံးလှလှလေးမှမြင်သူအဖို့
စိတ်ချမ်းမြေ့နိုင်စရာ