"ကိုကို...အကျင့်မကောင်းဘူး..."
ဟုတ်ပါသည်လေ....တစ်ကယ်လည်းကိုကိုအကျင့်
မကောင်းဘူး...ဘယ်နှယ့်သူများရဲ့လှတပတအရှည်
ထားထားတဲ့လက်သည်းရှည်လေးတွေကိုတစ်ချောင်း
ချင်းဆီလိုက်ညှပ်နေရတယ်လို့"ထယ်ရယ်...လက်သည်းရှည်တွေမထားရဘူးထယ်
ရဲ့....ကျန်းမာရေးနဲ့မညီညွတ်ဘူး...ဒါကြောင့်ကိုကို
ကညှပ်ရတာပါထယ်ရယ်...."ဂျောင်ကု...ထယ်ယောင်းကိုမနည်းချော့မော့ကာပြော
နေရသည်...ကျန်းမာရေးမညီညွတ်သည်ထက်အဲ့လှ
တပတလက်ကလေးတွေကိုတစ်ပါးသူတွေကြည့်မှာ
မကြိုက်...ဒါကြောင့်ကလေးငယ်ရဲ့လက်သည်းတွေ
ကိုညှပ်ပစ်သည်ဆိုကပိုမှန်လိမ့်မည်"ဟင့်...ကြည့်ဦး...ထယ့်လက်ကလေးတွေတုံးတိတိ
နဲ့ရုပ်ဆိုးသွားပြီ....."သူ့လက်သူကြည့်ရင်းစိတ်မကောင်းဖြစ်သွားတဲ့ပေါက်
စ...မတတ်နိုင်သူကလည်းသူကမ္ဘာကြီးရဲ့အလှတရား
ကိုသူများငေးမှာအရမ်ကြောက်တာ....ခပ်သေးသေး
ကိုယ်လုံးလေးကိုပေါင်ပေါ်ပွေ့တင်လိုက်သည်...
ဒီညထယ်ယောင်းကသူ့အခန်းမှာအိပ်မှာလေ"ကိုကို...ထယ်ဆံပင်ရွှေဝါရောင်တွေကိုငြီးငွေ့လာ
ပြီ...အဲ့အစားအနီရောင်လေးဆိုရင်ကောင်မလား
ဒါမှမဟုတ်...အခုခေတ်စားနေတဲ့ဆံပင်အပြာရောင်
လေးတွေပန်းရောင်လေးတွေဆိုရင်ကောင်းမလား
ဟင်...ကိုကို...."ကင်မ်ထယ်ယောင်းဆိုသည်မှာလည်းဂျွန်ဂျောင်ကု
ကိုငယ်ငယ်ရွယ်ရွယ်နဲ့နှလုံးရောဂါရစေချင်တဲ့ပုံ...
ဒီလောက်လှနေတာတောင်ဆံပင်အရောင်ပြောင်း
ဦးမယ်တဲ့ထယ်ယောင်းခများတော့
သူမေးတဲ့အမေးကိုကိုကိုကဘာအကြောင်းမှမပြန်
ဘဲငူငူကြီးတွေးနေသည်မို့ကိုကို့ပါးနှစ်ဖက်ကိုညှစ်
လိုက်သည်"ကိုကို....ထယ်ပြောနေတယ်....လေ..
ဘာအရောင်ဆိုးရမလဲလို့...."ဆူဆုအောင့်အောင့်လေးထွက်လာတဲ့ထယ်ယောင်း
အသံ..."'ဟိုလေ..တတ်နိုင်ရင်လေ...ထယ်ကဘာအရောင်
မှလဲမဆိုးနဲ့...ဆံပင်အရှည်လေးတွေလည်းမထား
နဲ့...အာနိုးကေသိလား...."