"ဆရာ.."
အလုပ်ထဲအာရုံစိုက်နေလို့သူ့အခန်းထဲလူဝင်လာတာ
ကိုတောင်သတိမထားမိလိုက်...ဆရာဆိုတဲ့အသံ
တိုးတိုးလေးအပြင်ငုံမိုးလာတဲ့အရိပ်ငယ်လေးကြောင့်
မော့ကြည့်တော့..သူအမြဲတမ်းသတိရခဲ့တဲ့အရိပ်
ငယ်လေး"အင်း....ထိုင်လေ...ထယ်ယောင်း...."
လူကိုသေချာကြည့်ပြီးအရှေ့ကထိုင်ခုံကိုမေးငေါ့ပြ
လိုက်တာကြောင့်ထယ်ယောင်းမဆိုင်းမတွပင်ထိုင်
လိုက်သည်"ကိုယ့်ကိုမှတ်မိလား...."
ဆရာ့ဆီကနေမှတ်မိလားဆိုတော့လူကပြူး ကြောင်
ကြောင်ရယ်...သူတစ်သက်နဲ့တစ်ကိုယ်ဘယ်ဆရာ
ကိုမှအိမ်ခေါ်မသင်ရ...ကိုကိုပဲသူနားမလည်တဲ့သူ့စာ
တွေကိုဒိုင်ခံရှင်းပေနေကြခေါင်းလေးသာခါမိလိုက်သည်
တစ်ကယ်လဲထယ်ယောင်းဆရာ့ကိုသိမနေပါဘူး
ဒါကိုဆရာကတစ်ချက်ရီကာ...."ကလေးကကိုယ့်ကိုမသိပေမဲ့ကိုယ်ကကလေးကို
သိတယ်..ကလေးနာမည်ကကင်မ်ထယ်ယောင်း...ကလေးကဂျွန်မိသားစုအိမ်မှာနေတာ..ကလေးမှားအရမ်းချစ်ရတဲ့အဖွားတစ်ယောက်ရှိတယ်...ဟုတ်တယ်မဟုတ်လား"သူ့အရှေ့ကဆရာပြောတဲ့သူ့ရာဇဝင်ကအမှန်အကန်ပေမို့ပါးစပ်အဟောင်းသားနဲ့နားထောင်နေမိသည်...
"ဆရာကထယ့်အကြောင်းတွေဘယ်လိုသိတာလဲ..."
ထယ်ယောင်းအမေးကိုဘာမှပြန်မပြော
ခေါင်းသာဆက်တိုက်ငြိမ့်ရင်း"ကိုယ်ငယ်ငယ်တုန်းကJeonစံအိမ်ရောက်ဖူးတယ်...
ကိုယ်သိသလောက်တော့အဲ့စံအိမ်မှာသူဌေးနဲ့သူဌေး
ကတော်ကသဘောကောင်းသလောက်...သူဌေးသား
ဂျောင်ကုကသဘောမကောင်းဘူး....စိတ်ထားပုပ်တယ်..."ကိုကို့ကိုအရှေ့ကလူကလာပြီးစိတ်ထားပုပ်တယ်
လေးဘာလေးလာပြောနေတာ...ကိုကိုနဲ့ပတ်
သတ်ရင်တစ်ချက်လေးမှငြိမ်မခံတတ်တဲ့ထယ်
ယောင်းကဆရာသောဘာသောသိပ်နားမလည်တော့"စိတ်ထားမပုပ်ပါဘူးကိုကိုက...ဆရာကကိုကို့အ
ကြောင်းဘယ်လောက်သိလို့ကိုကို့ကိုအဲ့လိုပြော
ရတာလဲ...."အစွာလေးဆိုသည်မှာလည်းသူ့ကိုကို့ကိုထိသည်နှင့်
တစ်လုံးမကျန်ပြန်ချေပတော့သည်