ဘာလိုလိုနဲ့ထယ်ယောင်းနဲ့ဂျောင်ကုတွဲတာသုံးလကျော်ကျော်လေးလနီးပါး...ဒီလိုပဲစိတ်ကောက်လိုက်ပြန်
ချော့လိုက်ထယ်ယောင်းနဲ့ဂျောင်ကုဘဝကပျင်းရိငြီး
ငွေ့ဖွယ်ရာမရှိ...ဒယ်ဒီနဲ့မာမီလည်းအိမ်ပြန်ရောက်
နေပြီဆိုတော့အနေအထိုင်ဆင်ခြင်ရသည်....
ဂျောင်ကုကနောက်ဆုံးနှစ်ကျောင်းပြီးထားပြီး
ထယ်ယောင်းကတော့ဒုတိယနှစ်ဆက်တက်နေသည်"ဒယ်ဒီသားကိုခေါ်တယ်ဆို..."
ဒယ်ဒီခေါ်တယ်ဆိုလို့အလုပ်ခန်းထဲသို့ဝင်လာခဲ့သည်
ထုံးစံအတိုင်းဒယ်ဒီကသူ့အလုပ်နဲ့သူရူပ်နေစဲပင်"ဂုကီ...မင်းကတော်တော်မွေးရကျိုးနပ်တဲ့ကောင်ပဲကွ..
ဟမ်....ဒယ်ဒီကိုတော့ကူညီမယ်ဘာမယ်မရှိဘူး
မင်းရဲ့ချစ်လင်လေးနားမှာပဲကပ်နေတာ...."မှန်သင့်သလောက်မှန်သည့်ဒယ်ဒီစကားကြောင့်
ဂျောင်ကုသူ့ဂုတ်ပိုးလေးကိုပွတ်သပ်ရင်းရီနေမိသည်"ဂုကီရာ...ထယ်ယောင်းနဲ့မင်းဘဝရှေ့ရေးအတွက်ဒယ်ဒီကိုမှီမခိုနဲ့ကိုယ့်ဘာသာကိုယ်လဲကြိုးစားဦး...
အခုနောက်ဆုံးနှစ်စာမေးပွဲဖြေပြီးပြီ....ဒယ်ဒီ
Companyရောထယ်ယောင်းကိုပါနောက်ဆိုသား
ပိုင်တော့မယ်....သား...သားအရည်အချင်းကိုယ်
ရေကိုယ်သွေးကိုထုတ်ပြသင့်တယ်မလားဂုကီ..."ဒယ်ဒီစကားတွေကြောင့်တွေဝေသွားတဲ့ဂျောင်ကု
ငယ်ငယ်တုန်းကထယ်ယောင်းအတွက်သူCompany
ပိုင်ရှင်သူဌေးကြီးဖြစ်ချင်ခဲ့တာ..ဒါမှထယ်ယောင်း
ကြိုက်တဲ့စတော်ဘယ်ရီတွေခြင်းလိုက်Candyတွေပုံး
လိုက်ဝယ်ကျွေးနိုင်မဲ့စိတ်ကူးရှိခဲ့ဖူးသည်"ဟုတ်....ကျွန်တော်ဘာလုပ်ရမလဲသာပြောပါ..
ဒယ်ဒီ..."ဂျောင်ကုစကားကိုကျေနပ်အပြုံးကြီးပြုံးနေတဲ့ဒယ်ဒီရယ်..သူ့သားဆိုသည်မှာလည်းထယ်ယောင်းနဲ့သာ
ကိုင်ပေါက်လိုက်...ထယ်ယောင်းကောင်းစားဖို့ဆို
အားလုံးခေါင်းညိမ့်ပြီးသား"မင်းပြင်သစ်က..ကဒယ်ဒီမိတ်ဆွေရဲ့Company
ကြီးတစ်ခုမှာအလုပ်ဝင်ရမယ်..သုံးနှစ်ကြာရင်လည်း
ကြာမယ်လေးနှစ်ကြာရင်လည်းကြာမယ်ပေါ့ကွာ
....ဒယ်ဒီလိုချင်တဲ့အတိုင်းအတာရောက်ပြီဆိုတာ
နဲ့ဒယ်ဒီရဲ့Companyကိုအမွေစားအမွေခံလွှဲပေးမယ့်
အပြင်ထယ်ယောင်းလေးကိုပါသားနဲ့လက်ထပ်ပေး
မယ်....ဟုတ်ပြီလား...."