Part-3

29.6K 3.1K 321
                                    

''ဖွား…ဖွား…''

အဖွားအိုပြန်လာသည်နှင့်တန်းလျှားထဲကနေထွက်ကာလုံးလုံ
လုံးလုံးနဲ့ပြေးကြိုသောကလေးငယ်…အဖွားအိုလည်းအနီရောင်အနွေးထည်လေးဝတ်ထားပြီးဆံပင်အပြာရောင်အုံအုံလေးကြောင့်လူကနေစတော်ဘယ်ရီသေးသေးလုံးလုံးလေးအသွင်ပြောင်းနေတဲ့မြေးငယ်လေးရဲ့ကိုယ်လုံးအိကျိအိကျိလေးကိုထိန်းကာ
ဖက်ထားလိုက်သည်…

''အဖွား…ဘာပါလာယဲ…''

အဖွားအိုလက်ထဲကမုန့်ထုပ်ကိုမြင်နေတာတောင်ဘာ
မုန့်ပါလဲမေးတဲ့ကလေးငယ်ကအသားလိုလို့အရိုးတောင်း
ခြင်းပင်…

မြေးငယ်လေးကိုကော်ဇောအေးအေးပေါ်ခြေဆင်းထိုင်ခိုင်း
ရင်းအိမ်ကြီးဆီကအိမ်တော်ထိန်းမင်လိုလိုချင်ချင်ပေးလိုက်
တဲ့မုန်တွေချိုချဉ်တွေကိုပုံချပေးလိုက်တော့သဘောတကျရီသံလွင်လွင်လေးတွေထွက်လာသည်…သွားပိုးစားထားတဲ့သွား
ျသေးသေးလေးတွေနဲ့ ပလစ်စတစ်အိတ်လေးကိုကြွက်
လိုကိုက်ဖောက်တော့သားရေလေးတွေကတမြမြရယ်…

''အာ…ချစ်ဖို့ကောင်းလိုက်တာဒီကလေး…''

အဖွားအိုကမြေးလေးယောင်းငယ်ရဲ့နို့နံ့သင်းသင်းပါးလေး
ကိုမွှေးကြူ လိုက်သည်…မိမိလည်းအိမ်ကြီးမှာတောက်တို
မယ်ရလုပ်ရင်းပင်ပန်းလာသည်မို့ရေမိုးချိုးရန်ပြင်တော့
သည်…သူမနဲ့အတူတူသူမရဲ့မြေးငယ်လေးယောင်းကို
လည်းအတူတူရေချိုးရန်အဝတ်အစားချွတ်ပေးပြီးသပတ်
အဖြု ရောင်တစ်ထည်နဲ့ခဏပတ်ပေးထားလိုက်သည်…

အဖွားအိုကတော့ဒီနေ့မနက်သူမစိမ်ထားခဲ့တဲ့အဝတ်အစားတွေကိုပွတ်လျှော်နေပေမဲ့…မျောက်ကလေးထယ်ယောင်း
မှာတော့ငြိမ်ငြိမ်မနေ…ဘေးနားကတုတ်လေးကိုကောက်
ယူရင်းတစ်ယောက်ထဲသိုင်းချတမ်းကစားတော့သည်…

လုံးလုံးလုံးလုံးနဲ့ဟိုရမ်းဒီရမ်းရမ်းနေသောကောင်လေးသေး
သေးလေးကိုကြည့်ကာဂျောင်ကုကီလေးခများအသဲယားမဆုံး…ကုကီလေးပျင်လို့ခြံထဲဆင်းလာကာမှတန်းလျှားဘက်က
ဝူးဝူးဝါးဝါးအူးညှောင်းဒူးညှောင်းရူးရှောင့်နဲ့ထွက်လာတဲ့
အသံပိစိလေးကြောင့်စပ်စုချင်စိတ်နဲ့သွားကြည့်မိသည်…
တွေ့လိုက်ရသည်ကဟိုဆံပင်အပြာနဲ့ကောင်လေး…
သပတ်အဖြူ  ခပ်ပွပွကြီးပတ်ကာတရုတ်သိုင်းကားတွေလို
သိုင်းချတမ်းကစားနေသည်…

သခင်(Complete)Where stories live. Discover now