ကျောင်းပိတ်ရက်...စနေတနင်္ဂနွေဂျောင်ကုအရင်လိုပျင်း
မနေတော့...တနင်္လာကိုလည်းစိတ်ရူပ်စရာမထင်...အရင်တုန်း
က လိုအေးတိအေးစက်ဂျောင်ကုကီလေးမဟုတ်တော့...
သက်မဲ့ပစ္စည်းအရုပ်တွေကြားမှာပျော်မနေတော့...သူ့
နှလုံးသားလေးရှင်သန်ဖို့အတွက်သူ့ပျော်ရွှင်ခြင်းကိုသူ
ရှာတွေ့ခဲ့သည်...သူ့ရင်ခွင်တံခါးကိုဖွင့်မဲ့တစ်ခုထည်းသောကံကြမ္မာ
သော့က...ထယ်ယောင်းငယ်ဆီမှာသာ...အခန်းငယ်လေးတွင်ခပ်ငယ်ငယ်လူသားလေးရဲ့မာန်သွင်း
သံတွေနဲ့ဆူညံ့လျှက်...အခုဂျောင်ကုကီလေးဂျူ ဒိုစသင်
နေပါပြီ...ထယ်ထယ်လေးကမူလတန်းဒုတိယနှစ်ဖြစ်ပြီး
ထယ်ထယ်လေးထက်သုံးနှစ်ကြီးတဲ့ဂျောင်ကုကီလေးက
အလယ်တန်းရောက်နေပြီ...''ဂုကီ....တော်ပြီ...ဒီနေ့တော့...'
လက်ခုပ်တစ်ချက်တီးကာပြောလိုက်သောဆရာ့စကားကြောင့်
ဂျောင်ကုလေ့ကျင့်နေသည်ကိုရပ်လိုက်သည်...ခပ်လှမ်း
လှမ်းကနေ''ဟေး...''
လို့အကျယ်ကြီးအော်ကာ...သူ့ဆီကိုအပြေးတစ်ပိုင်းလှမ်း
လာသောအသဲအသက်လေး''ကိုကိုက...တော်လိုက်တာ...ကိုကိုကအတော်ဆုံးပဲ...''
ချီမွမ်းခန်းဖွင့်မဆုံးတဲ့သူ့ပေါက်စ...ထယ်ယောင်းကငယ်ငယ်
တုန်းကလိုဆံပင်အပြာရောင်လေးနဲ့အက်စကီမိုးလေးမဟုတ်တော့...ဆံပင်ရွှေဝါရောင်လေးနဲ့လိုက်ဖက်လှတဲ့ဖယောင်း
ရုပ်ထုလေးဖြစ်နေပြန်ရော့...''ကိုကို...ရော့...ရေသောက်....''
ရေဘူးပန်းရောင်လေးလှမ်းပေးပြန်သည်...ဂျောင်ကုက
တော့ယောင်းငယ်ယူလာပေးသောရေကိုတစ်ငုံသောက်
ရင်းကျေနပ်ပြုံးကြီးပြုံးနေသည်....''ကိုကို့ကိုအမောပြေ...အာဘွားသေးသေးလေးမပေးချင်ဘူ
လား...''ဂျောင်ကုရဲ့တောင်းဆိုမူ့ကိုမငြင်း...ရွှေဝါရောင်နတ်သားငယ်
သည်သူ့ပါးပြင်ပေါ်သို့ခပ်ဖွဖွအနမ်းတစ်ခုခြွေချလျှက်...''အား...အခုမှအားတွေပြည့်သွားတော့တယ်...''
ဘာကြောင့်ရယ်မသိ...ကိုကိုအဲ့လိုတွေပြောလိုက်တိုင်း
ထယ်ယောင်းငယ်လေးမှာမျက်နှာမထားတတ်...တလဲ့လဲ့
တောက်နေတဲ့အစ်ကို့မျက်ဝန်းတွေကိုအခုထိရင်မဆိုင်
ရဲ...ကိုကိုကတော့ ဂျူ ဒိုဝတ်စုံအပြာရောင်လေးကိုချွတ်နေ
သည်...အားကစားလေးကျင့်ထားသည်မို့ချွေးတွေကကိုကို့
ကျောပြင်မှာရေချိုးထာသလို...ကိုကိုကသပတ်ဖြူ ဖြူ
ျလေးနဲ့ကျောပြင်ကိုမမှီတမှီသုတ်နေသည်