Part...18

22.5K 2.3K 36
                                    

ဆိုလ်မြို့ ရဲနေဝင်ဆည်းဆာအချိန်...
ထယ်ယောင်းကျောင်းဆင်သည်နှင့်အိမ်တန်းမပြန်
ဖြစ်...ကိုကို့လက်ဆွဲကာပန်းခြံသို့အပျင်းပြေစိတ်
ပျောက်လက်ပျောက်ထွက်လာခဲ့သည်...ကိုကို့ကို
ပြောစရာရှိတာလဲပါမှာပေါ့

"
ကိုကို...ထယ်ထယ့်ကိုတစ်ခုခုပြောစရာမရှိဘူးလား.."

ဂျောင်ကုကကျောင်းပြီးသွားပေမဲ့ထယ်ယောင်းကျောင်း
ပို့ကျောင်းကြိုတော့မှန်နေစဲပင်.မနက်မိုးလင်းကတည်းကထယ်ယောင်းပုံစံကတစ်မျိုးကြီး...စကားပြောတာ
ဂျစ်ကန်ကန်နိုင်နေတဲ့အပြင်နူတ်ခမ်းလေးဆူကာ
တဟွန့်ဟွန့်လုပ်နေသေး...အခုလည်းမျက်နှာလေး
ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်နှင့်သွားဆို
ပြီးရင်ဘတ်ကိုအတင်းတွန်းတော့သည်....

"ထယ်ရာ.....ဘာတွေစိတ်ကောက်နေတာလဲ....
လာ...ကိုကိုထယ့်ကိုအာဘွားသေးသေးလေးပေပြီး
ချော့မယ်...."

ပခုံးကနေလူကိုဆွဲလှည့်ရင်းပါးကိုရန်လုပ်​နေသော
ကိုကို...ထယ်ယောင်းကိုကို့နူတ်ခမ်းတွေကလက်ဖဝါး
လေးဖြန့်ကာတားထားလိုက်သည်....ကိုကိုကတော့
ဘာဖြစ်ပြန်ပြီလဲဟုတွေးကာမျက်ခုံးကြီးကျုံ့လို့

"ကိုကို...တစ်ကယ်ထယ့်ကိုပြောစရာမရှိဘူးပေါ.့..."

"အင်း...."

အား...ဒီကိုကို
လူကိုလျှို့ဝှက်ထားတာ...မေးတော့လည်းမဖြေ
သူကိုငနုံမှတ်နေလားမသိ

"ကိုကိုလကုန်ကြရင်ပြင်သစ်သွားပြီးအလုပ်လုပ်
မှာဆို...ပြောတော့ထယ်ထယ့်အပေါ်ကိုယ်ဘာမှ
မဖုံးကွယ်တတ်ပါဘူးဆို...အခုဘာလို့လိမ်တာလဲ..."

နူတ်ခမ်းတစ်ထော်ထော်နဲ့သူ့အားရန်တွေ့နေတဲ့
ကောင်လေးကရန်လိုနေတဲ့puppyပေါက်လေးအလား...
မပြောဖြစ်ခဲ့တာထက်မပြောရက်ခဲ့တာ....ကိုယ့်
ကလေးစိတ်ဆင်းရဲသွားမဲ့အကြောင်းတွေကိုကိုယ့်
နူတ်ဖျားကနေဘယ်လိုပြောထွက်ရက်ပါ့မလဲ

ကိုယ်ကထယ်ပျော်နေတာပဲမြင်ချင်တဲ့သူလေ

"ကိုကို့ပြောမထွက်ဘူးထယ်...ထယ်အဲ့အကြောင်း
တွေသိရင်စိတ်ဆင်းရဲမှာစိုးလို့...ကိုယ်ကထယ်ထယ့်
အပြုံးတွေပဲမြတ်နိုးတဲ့သူလေ..."

သခင်(Complete)Where stories live. Discover now