Part..9

25.9K 2.8K 301
                                    

"နာလားဟင်...ကိုကို."

ဘောလုံးကန်ရင်းမတော်တဆတွန်းမိတဲ့ထယ်ယောင်း
ကြောင့်ဂျောင်ကုဒူးပွန်းသွားခြင်းပင်....ကိုကို့ဒူးခေါင်း
ပေါ်ကပွန်းပဲ့ရာလေးကိုဆေးထည့်ပေးရင်းအနာသက်
သာအောင်လေနဲ့တဝူးဝူးမူတ်ပေးနေတဲ့ထယ်လေး

ဘဲနူတ်သီးလိုနူတ်ခမ်းချွန်ချွန်လေးကအရှေ့ကိုဆူ
ထွက်နေတာပဲ....

"ကိုကိုသက်သာလားဟင်...."

"သက်သာပါတယ်...ထယ်ရဲ့..."

ထယ်ယောင်းဆံနွယ်စလေးတွေကိုထိုးဖွရင်းပြောလာ
တဲ့ဂျောင်ကုရယ်...အလယ်တန်းကျောင်းသားဂုကီ
ကအရပ်ရှည်ရှည်ဖြူ ဖြူ ဖွေးဖွေးခန့်ညားလွန်းလှသည်
...တစ်ကျောင်းလုံးကအပျိုဖျန်းတွေရင်ခုန်ချင်စရာကောင်းလောက်အောင်...ကိုကိုကကြည့်ကောင်းနေခဲ့တာ

"ဘာလေးလဲကွ....နေရင်းထိုင်ရင်းနဲ့ဘာလို့ဒီနူတ်ခမ်း
ကြီးကဆူလာပြန်ပြီလဲ..."

ဆူနေတဲ့သူ့နူတ်ခမ်းကိုလက်နဲ့ခပ်ဖွဖွဆွဲညှစ်ရင်းမေး
လာတဲ့ကိုကို

"ဘာမှမဟုတ်ပါဘူး...ကိုကိုအခုတလောပဲများလာ
သလားလို့...."

မြက်ခင်းပေါ်ပုံပုံလေးထိုင်နေတဲ့သူ့ခန္ဓာကိုယ်လုံးကျစ်
ကျစ်လေးအားပေါင်ကြားထဲဆွဲသွင်းရင်းထယ်ယောင်း
မျက်နှာစူပုပ်ပုပ်လေးကိုးငုံကြည့်သည်

"ဒါကိုကို့ကိုသဝန်တိုနေတာလား...ဟင်"

ပြောလည်းပြောအသဲယားစွာသူ့ပါးဖောင်းဖောင်းလေး
တွေကိုအားနဲ့ဆွဲညှစ်လိုက်တဲ့ကိုကို

"အား..ကိုကို...မညှစ်နဲ့...နာဒယ်ရို့...."

စူထော်ထော်နူတ်ခမ်းလေးကိုလွှတ်ပေးဖို့အစီအစဉ်မ
ရှိ..အသဲယားလိုက်တာသဲငယ်ရာ

"ဟ...ကိုကို...ဘာတွေကျလာတာယဲ..."

မျက်နှာပေါ်ကိုလာစင်တဲ့ရေတွေကြောင့်ထယ်ယောင်း
ငယ်မော့ကြည့်တော့ခုနတုန်းကသာယာနေတဲ့အပြာ
ရောင်ကောင်းကင်ကြီးကသူမဟုတ်သလိုအုံကာ
မိုင်းလျှက်....တပေါက်ပေါက်ကျလာတဲ့ရေစက်တွေ
ကြောင့်လက်လေးဖြန့်ကာသူ့ကိုခွထိုင်ထားသောကိုကို့ရင်ခွင်ကိုခေါင်းမှီလိုက်တယ်...သဘောကျလို်က်တာ

သခင်(Complete)Where stories live. Discover now