Part-12

25.6K 2.6K 245
                                    

ဒီနေ့သူရောကိုကိုရောကျောင်းမသွားဖြစ်...ချမ်းအေးတဲ့
ဆောင်းရာသီမှာဘယ်သူမဆိုနှာစေးချောင်းဆိုးတော့
ဖြစ်တတ်စမြဲ....အဲ့လောက်အသေးအမွှားရောဂါလေး
ကိုပင်မနေ့ညကသိသိချင်းfamily doctor ကို
အသဲအသန်ခေါ်ပြကာဝုန်းဒိုင်းကျဲနေတဲ့ကိုကိုကအ
မြင်ကတ်စရာ...အိမ်ကအိမ်ဖေါ်တွေကအတင်းမတုပ်
တတ်ရှာဘူးဆိုတော့...သခင်ကြီးနဲ့သခင်မကြီး
သာနိုင်ငံခြားကနေပြန်ရောက်ရင်ဟိုတစ်ပေါက်
ဒီတစ်ပေါက်နဲ့အားလုံးသိကုန်ကြမှာ....

"ထယ်...."

ထယ်ယောင်းအတွေးတောင်မဆုံးလိုက်...အငွေ့တစ်
ထောင်းထောင်းထနေတဲ့ပန်ကန်လုံးလေးကိုင်ပြီး
ပေါက်ချလာတဲ့ကိုကို

"လူကဖြင့်နေမကောင်းဘူး...အနွေးထည်တော့မဝတ်ချင်ဘူး...."

Heater ကြီးဖွင့်ထားတာတောင်အနွေးထည်ဝတ်ခိုင်း
နေတဲ့ကိုကိုကထယ်ယောင်းကိုအီကွေတာအနားအ
ရောက်ပို့နေသလို....တစ်ခါတစ်လေကြပြန်ရင်လေ
သူ့ကိုစိတ်ပူလွန်ပြီးဗျစ်တောက်ဗျစ်​တောက်ပြော
နေတဲ့ကိုကိုကတစ်ကယ့်မိန်းမကြီးကြနေတာပဲ

အငွေ့တစ်ထောင်းနဲ့ကြက်စွပ်ပြုတ်ပူပူကိုအေးလို့အေး
ငြားတဖူးဖူးမူတ်ကာထယ်ယောင်းစားဖို့ပြင်နေတဲ့ကိုကိုကဒီလောက်အေးနေတာတောင်ချွေးပြိုက်ပြိုက်
ကျနေတုန်း....ကိုကို့နဖူးပေါ်ကချွေး​တွေကိုလက်နဲ့
ခပ်ဖွဖွသုတ်ပေးတော့သူ့ကိုပြန်ပြုံး ပြလာတဲ့ကိုကို

"ရော့....ဟ...."

အခုချိန်ထိခွံကျွေးနေတဲ့ကိုကိုနဲ့ကလေးစိတ်မကုန်
သေးတဲ့ကျွန်တော်.....

"ကောင်းလား...."

"အွင်း....ဒီတစ်ခါတော့တော်တောက်ကောင်းကောင်း
ပဲ...."

လူမမာစာမကြိုက်တဲ့ထိုကောင်လေးဆီကတော်တော်
ကောင်းတဲ့ဆိုတဲ့စကားကဂျောင်ကုလေထဲလွင့်သွား
သလိုပင်....စာဖိုမူးအဒေါါ်ကြီးရှိနေတာတောင်သူကိုယ်
တိုင်သူ့ကလေးကိုအာဟာရရှိအောင်ချက်ပြုတ်ကျွေး
ချင်သည်မို့နောက်ဖေးချောင်ဝင်ခဲ့ခြင်း
.....ဒီအမှန်တရားကိုတော့ကလေးငယ်သိအောင်ပြန်
မပြောချင်နေတော့

သခင်(Complete)Where stories live. Discover now