မိုးသား တိမ်ရိပ်
🌸pann
Part (4)
" အောင်ကို..အောင်ကို "
" လိုအပ်တာရှိရင်ပြောပါဗျ.."
" အောင်ကို.."
" နောက်လည်း လာအားပေးပါဦးနော် "
" အောင်ကို.."
ဧည့်သည်တွေနဲ့ စကားပြောနေတာကို လာရှုပ်နေကြတယ်..။
နှစ်ကောင်သား အိနြေ္ဒ ကို မရဘူး..။
သူတို့ကြောင့် ဆိုင်ဖွင့်ပွဲ မျက်နှာပျက်ရတော့မယ်..။
" ကျစ်..ဘာလဲကွာ ဒီမှာ ဧည့်သည်တွေနဲ့ "
" မင်း ဧည့်သည် တွေက အရေးမကြီးဘူး..ဟိုမှာ ထ သတ်မလားတောင် မသိဘူး "
" ဘာလဲ..ဘာဖြစ်လို့လဲ "
" ဟိုမှာ.."
အောင်ကို ဒီကောင်တွေ လက်ညိုးထိုးပြတဲ့ နေရာကြည့်တော့ လဲထားတဲ့ ထောင်ချင်ချင် ဖြစ်သွားရသည်..။
" သူတို့.. "
ဟုတ်သားပဲ.. ကိုယ်လည်းအလုပ်ရှုပ်နေတာမို့ နေကြီး ရောက်မရောက်ကို စိတ်ထဲမထားမိ..။
အခုတော့ ရှော့ခ်တွေတက်တော့မှာပဲ..။
" ဟျောင့်..မင်း စတဲ့မီး မင်း သွားငြိမ်း "
" မင်းတို့ကရော "
" နိုး.. ငြိမ်းမကူနိုင်ဘူး "
" ရမလား.. မင်းတို့ပါ ကူ "
အောင်ကို နှစ်ယောက်လုံးကို ဆွဲခေါ်သွားလိုက်သည်..။
" နေကြီး..လာပြီလား သားသား မင်းရော ရောက်နေပြီလား ဟိုဘက် သွားထိုင်ရအောင် လေ "
မသွားဘူး နှစ်ကောင်သား တောင့်တောင့်ကြီး ရပ်နေတော့ အောင်ကို သွားအကုန်ဖြီးဖြဲကာ လက်ဆွဲခေါ်ပြီး နေရာပေးရသည်..။
ဘယ်လို ဆက်လုပ်ရမလဲက ခေါင်းထဲ ပြေးနေပြီ..။
" ဟေ့..ဒီမှာ လာချပေးဦး "
" မစားဘူး..ရေခဲရေပဲ ချပေး "
နေကြီးက ပြောသာပြောနေတာ မျက်နှာချင်းဆိုင် မှာ ထိုင်နေတဲ့ သားသားကို နည်းနည်းလေးမှ အလွတ်မပေးဘဲ စိုက်ကြည့်နေသည်..။
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...