Part (7)

1K 59 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (7)

" ဟဲ့ သားသား "

" ဟဲဟဲ..အမေ "

သားသား အိမ်ထဲ ခိုးဝင်တာတောင် အမေကတွေ့ဖြစ်အောင် တွေ့လိုက်သေးတယ် ။

" တစ်ကိုယ်လုံး စိုရွှဲနေတာပဲ.. မိုးရေဆော့လာပြန်ပြီလား "

" မိုးရေ မဆော့ပါဘူး အမေရာ..သားသား ကလေးမှ မဟုတ်တာ "

" ကလေးမဟုတ်လို့ပေါ့ သားသားရယ်.. ကလေးဆို အကြီးကပြောရင် တစ်ခွန်းထဲနဲ့ နားထောင် တယ် "

" သားသား နားထောင်ပါတယ်.. "

" ဒါလား နားထောင်တာ..အား အမေ့ "

အမေက ဗိုက်ကို လှမ်းလိမ်ဆွဲတော့ သေပြီတောင် ထင်ရသည်..။

" အား..သေပါပြီ အမေရယ် "

သားသား ဗိုက်ပွတ်ကာ ငြီးတွားပြီး ပြောလိုက်ရသည်..။

" သွား..အဝတ်သွားလဲ "

" ဟုတ် "

သားသား အမြန် အခန်းထဲ ပြေးရသည်..။

" သားသား.."

" ဗျာ ဒေါ်လေး "

" ရေပြန်မချိုးဘဲ အဝတ်လဲမလို့လား."

" အင်းလေ.."

သားသား ပြောရင်း အကျီ င်္ကောက်စွပ်မယ် လုပ်တော့ ဒေါ်လေးက ပြန်ဆွဲထားသည်..။

" ဟာ ဒေါ်လေး.. ဘာလုပ်တာလဲ "

" သွား.. ရေနှစ်ခွက် သုံးခွက်သွားလောင်းဦး "

" နှစ်ခွက် သုံးခွက်နဲ့တော့ သွားလောင်းမနေဘူး..အလုပ်ရှုပ်တယ် "

သားသား ဒေါ်လေးလက်ထဲက အကျီ င်္ကို ပြန်ဆွဲရသည်..။

" မရဘူး.. နင့်ကို ဘယ်သူက မိုးရေထဲ နေခိုင်းခဲ့လို့လဲ သွားချိုးစမ်း သွား မဟုတ်ရင် နေမကောင်း ဖြစ်နေမယ် "

" သားသား အတွက် အေးဆေးပါဗျာ.."

" ဟဲ့..တူဝကြီး နှစ်ယောက် ဘာတွေ ဖြစ်နေတာလဲ ဟင် သားသား အကျီ င်္မဝတ်သေးဘဲ ဘာလုပ်နေတာလဲ "

ထဘီရင်ခြားကြီး ဝတ်ပြီး အောက်ကဘောင်းဘီရှည်က မချွတ်ရသေးဘူး..။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now