မိုးသား တိမ်ရိပ်
🌸pann
Part (5)
" ဟာကွာ..ဒုန်း "
နေလင်း ခုံကို လက်သီးနဲ့ ထိုးနေတာ အကြိမ်ကြိမ် အခါခါ ။
သားသား.. မင်း အဲ့လို လုပ်လို့မရဘူးနော်..။
ငါ အကုန်သတ်မှာ ။
ငါ့မှာတော့ ဒဏ်ရာ တွေနဲ့ လျှောက်လှမ်းနေချိန် မင်းက အိမ်ထောင်ပြုလိုက်သေးတာလား..
တောက်..။
သားသား မင်းတော့ စိတ်ရှိလက်ရှိ သတ်ပစ်ရ သေတော့မယ် နော်.. ။
မင်း ငါ့ဘဝထဲကို တိုးဝင်လာပြီးမှ အခုလို ချိုးသွားလို့ ရရောလား..
ငါ့ကို ဘယ်လောက်ထိ ဒဏ်ရာတွေ ပေးနေဦးမှာလဲ..။
ဘယ်လောက်ထိ မင်း ရက်စက်နေဦးမှာလဲ..သားသား ။
အချိန်တွေက ကုန်တာ နှေးလိုက်တာ..ဖြစ်နိုင်ရင် မနက်ဖြန် တန်း ရောက်ချင်နေပြီ..။
သားသား..မဟုတ်တာ လုပ်ထားရင် မနက်ဖြန် မင်း သေနေ့ပဲ.. ။
နေလင်း အိပ်မရခဲ့..
အတွေးထဲ သားသားနဲ့သူ့သား ပုံရိပ်သာ ဝဲပျံနေလျက်..။
.
" အာ့.."
" ဟွန်..ဘာဖြစ်တာလဲ သားသား "
" ဘာမှမဖြစ်ပါဘူး ဆူး စူးသွားလို့.."
" သတိထား ခူးလေ.."
" ဟုတ်ကဲ့ "
" ရရဲ့လား.."
" ရပါတယ် ဗျ..ဒီလောက်က အပျော့ပဲ "
" အေးအေး "
ဦးမိုး ထွက်သွား တော့မှ သားသား အပြုံးပြယ်သွားရသည်..။
မနေ့က နေလင်း ပုံရိပ်က အခုထိခြောက်လန့်နေဆဲ..
မင်း အခုနေ ဘာများ ဖြစ်နေမလဲ ။
ဘာတွေတွေးပြီး ဘယ်လိုတွေ လုပ်နေဦးမှာလဲ..။
" သားသား.. ငါ သွားပို့ပြီနော် "
" ဟွန် အစည်းရေ ဘယ်လောက် လဲ "
" မိဝိုင်း မှတ်ပေးထားတယ် "
" အော် အင်း..အင်း "
KAMU SEDANG MEMBACA
မိုးသား တိမ်ရိပ် (Unicode)
Romansa" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...