မိုးသား တိမ်ရိပ်
🌸pann
Final....
" အေး ရေနံဂျီး ပြော.."
" အောင်ကို့ဆိုင်ကို လာခဲ့ "
" ဟမ် အခုလား "
" အေးလေ "
" ခြောက်နာရီခွဲ နေပြီလေ.."
" အခု ထွက်လာခဲ့စမ်းပါ ကြောက်လို့လား..ကြောက်ရင်လည်း ငါတို့ လာခေါ်မယ် "
" ကြောက်တာ မကြောက်ပါဘူး "
" ဒါဆိုလည်း လာခဲ့လိုက်.. "
" အေးပါ "
ဘာများ အရေးကြီးနေလဲ မသိဘူး.. နောက်နေ့မှ ပြောလည်း ရတဲ့ကိစ္စ အခုတော့ ညနေမိုးချုပ်နေမှ ထွက်ခဲ့ဦးတဲ့..။
ခေါ်တုန်းကတော့ခေါ်ပြီး အရေးမကြီးတဲ့ကိစ္စ ဆိုလို့ကတော့ လည်မြိုနင်းသတ်ပစ်မယ်..
သားသား အနွေးထည် တစ်ထည် ဆွဲယူပြီး ကားသော့ယူကာ အောက်ကို အမြန်ဆင်းပြေးလိုက်သည်..
" ဒေါ်လေးရေ.. ဒေါ်လေး "
" ငါ ဒီမှာ "
ဒေါ်လေးက မီးဖိုချောင်ဘက်ကနေ ထူးတော့ သားသား ဒေါ်လေးရှိတဲ့နေရာ ပြေးရပြန်သည်..အံမယ် နောက်ဖေးမှာ လူစုံလို့ပါလား ။
" ဒေါ်လေး သားသား အပြင်ခဏသွားလိုက်ဦးမယ်.. "
" ဟဲ့ မိုးချုပ်နေမှ ဘယ်သဝေထိုးဦးမလို့လဲ.."
" အောင်ကို့ဆိုင်ပါ ဟိုကောင်တွေ လှမ်းချိန်းလို့ သိပ်မကြာဘူး တန်းပြန်လာမှာ.."
" မာမီ သားလည်း လိုက်မယ် "
" အခုက မိုးချုပ်နေလို့ နောက်နေ့မှ လိုက်နော်.."
" မြန်မြန် သွား မြန်မြန် ပြန်လာဦး "
" ဟုတ်ကဲ့ပါ..သား မာမီ ခဏသွားလိုက်ဦးမယ် ပြန်လာရင် မုန့်ဝယ်ခဲ့မယ် "
" ဟုတ် "
" မွပ် လိမ်မာလိုက်တာ.. မာမီ့ကလေးက "
သားသား သားရဲ့နဖူးကို နမ်းတော့ သဘောကျကာ ပြုံးရယ်နေသည်..။
" ဒေါ်လေး သွားပြီနော် "
" အေးပါ..ကား ဖြေးဖြေး မောင်းဦး "
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...