မိုးသား တိမ်ရိပ်
🌸pann
Part (30)
" ဘယ်..ဘယ်သူ လာတယ် "
" နေလင်း ပါဆိုနေမှ..နားကန်းနေလား ငယ်ငယ်ရွယ်ရွယ်နဲ့ "
" သူက အိမ်သိလို့လား.. "
" ဟဲ့ သိလို့ အိမ်တိုင်ရာရောက် ရောက်လာနေပြီပဲ.. "
" ..... "
ဟုတ်သား.. အိမ်ရောက်ပါတယ်ဆိုမှ အိမ်သိလို့လား လုပ်နေတာ ငါ့နှယ့်နော် ။
" သူက ဘာလာလုပ်တာလဲ.. "
" ငါ ဘယ်သိမလဲ "
" ဒေါ်လေး မကပ်နဲ့ဗျာ.. သူအိမ်လာတာ ဒေါ်လေးနဲ့ တွေ့သွားတာလေ သူဘာလာလုပ်မှန်း ဒေါ်လေးမသိတာ ဖြစ်နိုင်မလား "
" ဟဲ့ စလာကတည်းက နင့်မေးတာ..ငါ့ကိုမေးတာမှ မဟုတ်ဘဲ "
" ကြည့်.. "
" သိချင် သွားမေး.. မိုးသူ ငါတော်ပြီ "
" ဟုတ် ဒေါ်လေး "
ဒေါ်လေး ထ သွားတော့ သားသားတို့ အငယ်တွေပဲ ကျန်တော့သည်.. ။
" သားသား တို့က အဆက်ရှိနေတာပဲ မထင်ထားဘူး.. "
" ပိတ်ရိုက်လိုက်မယ်.. လူက ညစ်နေတာနော် လေမပင့်နဲ့ "
" သားသား ငိုတာ အဲ့အကိုကို မမေ့လို့လား.."
" ဟမ်.. "
သားသား အဲ့လောက်တောင် သိသာနေတာလား..။
ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်လှချည် ထင်နေတာ..အခုတော့ ဘူးပေါ်သလို အကုန်သာပေါ်နေပါလား
စိတ်မဲလိုက်တာနော်..။
" နင်က ဘယ်လိုသိတာလဲ.."
" ဒေါ်လေး ဟိုအစ်ကိုကို ပြောတာ ကြားလိုက်လို့.. "
" အဟွတ် အဟွတ်.. "
သားသား သီးရပြန်ပြီ..။
" ဘာ..ဘာဖြစ်တယ် "
" ဒေါ်လေးက သားသား အဲ့အစ်ကို မမေ့နိုင်လို့ ငိုနေတာဆိုပြီး ပြောတာ.."
" ဘယ်သူ့ကိုလဲ "
" အဲ့အစ်ကို ကိုပေါ့.. "
" အမလေးလေး.. ကုန်ပါပြီ ကုန်ပါပြီ "
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...