Part (26)

1K 49 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (26)

" မပြန်ခင် ကော်ဖီဆိုင် ဝင်ရအောင်.."

" အေ.."

ဘုရားရှိခိုး ဓာတ်ပုံ ရိုက်ပြီး ပြန်လာကြသည်..။

အိမ်မပြန်ခင် ကော်ဖီဆိုင် ဝင်ကြရအောင် ဆိုလို့ ထိုင်နေကျ ကော်ဖီဆိုင်ဘက်ပဲ လှည့်မောင်းလိုက်သည်.. ။

ကိုယ်စီ ရှပ်နဲ့ပုဆိုး ဆိုတော့ အားလုံးက ဝိုင်းကြည့်နေကြသား..အဲ့ထဲ သားသားနဲ့နေလင်းက အဓိက အကြည့်ခံရသူ ကြည့်လည်း ကြည့်ကြမှာပဲလေ..ကိုယ်တွေကိုယ်တိုင်ကိုက အကြည့်ခံလူသား ဖြစ်နေကြတာ မလား..။

အမှန်တိုင်း ပြောရရင် သားသား ဒီနေ့ အရမ်းကြည့်ကောင်းနေသည်..

ဒီကောင် သွားစွယ်လေးပေါ်အောင် ရယ်တိုင်း အားလုံး ဝိုင်းငေးကြည့်ကြတာ မြင်နေပါတယ်..သိနေပါတယ် ။

သားသား အဲ့လိုရယ်ရင် မသိတဲ့ကောင်မလေးတွေကလည်း သားသားကို ကြည့်ကြည့်သွားတာလည်း တွေ့လိုက်ပါတယ်.. ကိုယ့်ချစ်သူက နှစ်ဖက်ချွန် ဖြစ်နေတော့ ကျားမ မရွေး ငေးစိုက်ကြည့်ခံရသူပါ..။

သားသား ရှပ်နဲ့ပုဆိုး ဝတ်ထားလည်း မိန်းကလေး ဆိုတော့ မိန်းမချော ချောပြန်တော့ ပိုပြီး တောက်ပနေပြန်သည်လေ.. မိန်းကလေး လို ဝတ်လည်း ဒီကောင် အရမ်းလိုက်ဖက်ပြီး လှမှာ သေချာပါသည်..

ဒါပေမယ့် သူ့ကို မိန်းကလေး လို ပြင်ကြည့်ဖို့တော့ မပြောတော့ပါ..သူကြိုက်သလို နေပါစေ လွတ်လပ်သလို စိတ်တိုင်းကျ သလို နေပါစေ.. ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်နေပေးဖို့က အဓိက ကျတာ မဟုတ်လား ။

သို့သော်လည်း တစ်ခါတလေ လေးတော့ မိန်းကလေး လို အပြင်အဆင်လေးနဲ့ မြင်ကြည့်ချင်မိတာတော့ မလိမ်ပါဘူး နော်.. တကယ်ကို တွေ့ဖူးချင်တာပါ ဘယ်လိုပုံစံမျိုးလေး ဖြစ်မလဲ..ဆံပင်ရှည်လေးနဲ့ ဘယ်လောက် ကြည့်ကောင်းမလဲ ရယ်လိုက်တိုင်း သွားစွယ်လေးနဲ့ ဘယ်လောက် ချစ်ဖို့ကောင်းမလဲ စိတ်ကူးထဲ အကြိမ်ကြိမ်တော့ ပုံဖော်မိသား..။

အိပ်မက်ထဲမှာပဲ စိတ်ကြိုက် ပြင်ပေးမိပေမယ့် လက်တွေ့ အပြင်မှာတော့ သူ့သဘောကျ အတိုင်းပဲ နေခွင့်ပေးထားတာလေ..

မိုးသား တိမ်ရိပ် (Unicode)Место, где живут истории. Откройте их для себя