Part (15)

933 50 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (15)

" သားသားရေ.. ဒီမှာ နင်ကြိုက်တဲ့ ကိုးရီးယား ကား လာနေပြီ "

" သားသား နောက်ရက်မှပဲ ကြည့်တော့မယ်.. အခု ဒီမှာစာဖတ်နေလို့ "

သားသား အခန်းပြင် မထွက်ဘဲ အသံပြန်ပေးလိုက်သည်..။

" အေးအေး..ပြီးရော စောင်နဲ့နွေးနွေးထွေးထွေး နေဦးနော် မိုးရေထဲ မနေလာပါနဲ့ဆိုတာကို ပြောမရဘူး စိုဖြစ်အောင် စိုလာသေးတယ် "

" ဟုတ်.."

အမေ ဆူပူနေတာကို ဒီတစ်ခေါက်တော့အထွဋ်မတက်တော့ပါ..။

သားသား  နဲ့မတူသလို ပြန်စွာခြင်းမရှိဘဲ အေးဆေးခေါင်းညိမ့် လက်ခံသည်

နည်းနည်း စိတ်ထဲထောက်မိသား ...။

ပုံမှန်ဆို ဒီလိုမှ မဟုတ်တာ..

ဒေါက်..ဒေါက်..

" သားသား နေမကောင်း ဘူးလား.."

" ကောင်းပါတယ် "

" ကောင်းရင် တံခါးဖွင့်စမ်း.."

အရင်ကဆို တံခါးမပိတ်လို့ အော်ဟစ်ငေါက်ရတာ...

အခုတော့ သူ့အသိနဲ့သူ ပိတ်တာတော့ ကောင်းပါရဲ့ ။

ဒါပေမယ့် စိတ်ထဲထစ်နေမိသည်..။

" သားသား တံခါးလာဖွင့်လို့ ပြောနေတယ် နော်.."

" ဟာဗျာ အမေကလည်း "

မချစ်လိုက်ရဘဲ အသည်းကွဲရတာတောင် အေးဆေးမကွဲရဘူး..။

တကယ်ပါပဲ..

သားသား တံခါးသွားဖွင့်လိုက်ရသည်..။

" မှန်းစမ်း "

ဒေါ်ယဉ်လှ သားသားနဖူးကို လက်ဖမိုးဖြင့်  အပူရှိန် တိုင်းလိုက်သည်..

" ကိုယ်လည်း မပူပါဘူး "

" သားသား ကိုယ်ပူပါတယ်လို့ ပြောမိလို့လား..''

" မပြောမိပေမယ့် နင်က ပုံမှန် မဟုတ်တာကို "

" ဘာမမှန်လို့လဲ..ပုံမှန်မှ ပုံမှန် ပဲ  "

" မသိဘူးလေ.. အရင်ကဆို ငါတို့ကြည့်ချင်တာ မကြည့်ရအောင် ဘယ်သူကပဲ မင်းမူနေလဲ "

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now