မိုးသား တိမ်ရိပ်
🌸pann
Part (9)
" သားသား.. မထသေးဘူးလား သားသား "
" အမရေ သားသားက ထတောင်ထလို့ အပြင်မှာ စံပယ်တွေ ခူးနေတယ်.."
" ဟယ် အစောကြီး.."
" ဟုတ်ပါ့ ကျွန်မ မထခင်ကတည်းက ခူးနေတာ..အခုဆို ပြီးလောက်ပြီ "
ဒေါ်ယဉ်လှ ထဘီလေးမပြီး အိမ်ရှေ့ပေါက်ကနေ ဆင်းတော့ သားသား က ပန်းတွေ ခူးထားတဲ့ ခြင်းလေး မလာပြီ..။
" သားသား ဘာလုပ်မလို့လဲ "
" စျေးထဲသွင်းမယ်လေ.."
" ဟမ်.. "
" စံပယ်တွေ သီပြီး စျေးထဲ ရောင်းမလို့ "
" ဟယ် ဘာလို့ရောင်းနေမှာလဲ.. ဒီအတိုင်း ထား ရပါတယ် "
" မရပါဘူး.. ပန်းတွေ ပွင့်ပြီး ဒီအတိုင်း အခြောက်ခံ အညိုးခံ မလို့လား "
" အဲ့လိုတော့ ဘယ်ဟုတ်မလဲ.. ဘုရားလှူ လည်း ရတာပဲ "
" လှူ ပါ မလှူ နဲ့လို့ သားသား တားနေလို့လား.."
" သား ရောင်းစားရအောင် အရမ်း အခြေအနေ ဆိုးနေလို့လား "
" မဆိုးပေမယ့် တစ်ထောင် နှစ်ထောင် ဝင်တာ မကောင်းဘူးလား အမေရာ.. ပြီး သားသားက ပန်းမှမကြိုက်တာ "
" ဟဲ့ မကြိုက်ဘဲ ဘာလို့စိုက်လဲ.."
စံပယ်ရုံကို ဘယ်ကဆွဲလာမှန်း မသိ..ဘယ်က ဘယ်လို ရလာမှန်းမသိ သူပဲ စံပယ်ပင် စိုက်တာ ဒါကို သူက ပန်းမကြိုက်ဘူးတဲ့ ။
" စံပယ်ပန်းအနံ့တော့ ကြိုက်ပါတယ်.. ပန်းကို ကြိုက်တယ် ဒါပေမယ့် ပန်းပန်ရတာ သားသား မှမကြိုက်တာ အဲ့တော့ ပိုလျှံနေတာလေ အမေတို့ ပန်ဖို့လည်း ခွဲထားပေးတယ် ဘုရားလှူ ဖို့လည်း သပ်သပ် ထားထား ပြီးသား.. ဒီတော့ ပိုနေတာ သားသား သွားရောင်းမယ်လေ "
" သားသား တို့ကတော့ မပြောချင်ဘူး.. ကြိုက်သလို လုပ်တော့ "
" သားသား ကောင်းတာ လုပ်နေတာပါ အမေရယ်.. "
သားသား အိမ်ထဲဝင်ပြီး အပ်ချည် ကြိုးနဲ့ ပန်းတွေ သီလိုက်သည်..။
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...