Part (6)

1K 56 3
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (6)

" အမေ..ဖြေးဖြေး လျှောက်နော် ချော်လဲမယ် "

" အေးပါ "

သားသား အမေ့လက်ကို တွဲထားပေးရင်း အရှေ့ကို ကြည့်မိတော့ မခိုင်မြင့်.. ။

လက်တွေချိုးနေပုံ ထောက်ရင် နှစ်လုံး တွက်နေတာ နေမှာပေါ့ ။

ဘယ်လောက် တွက်တွက် ပြီးရင် ဘယ်လိုလဲမေးရင် ဒီနေ့လည်း နှစ်လုံး မလှဘူးဟယ် ဆိုတာချည်း..။

သားသား တို့ကို မမြင်သေးဘူး..လက်ချိုးတွက်နေတုန်း ။

" အမလေး.."

ဟော.. မြင်ပြီ ထင်တယ် ။

" မယဉ်လှတို့ သားအမိပါလား.."

ခိုင်မြင့် ဘယ်ပြေးရမှန်းမသိ ခြေလှမ်းမှားနေတာနဲ့ အနောက်ကိုသာ ပြန်လှည့်ပေးရသည်..။

" ဟာ..ပြေးပြီ ပြေးပြီ "

" ဟဲ့ ဘာပြေးတာလဲ.."

" အမေ ဖြေးဖြေး လာခဲ့.."

" ဟဲ့.."

သားသား အမေ့ကို ထားပြီး ပြေးလာရသည်..။

နေရာကွက်ကြား ပေါက်ပြဲနေတဲ့ ရွှံ့ဗွက်အိုင်တွေကိုလည်း သိုင်းကွက်နင်းပြီး ရှောင်ပြေးရသည်..။

" မခိုင်မြင့်.."

သားသား ပြေးလိုက်လာလေ ခိုင်မြင့် ခြေလှမ်းသုတ်သုတ်နဲ့ မြန်မြန် လျှောက်ရသည်..။

" မခိုင်မြင့် "

" အမလေး.."

သားသား က ရှေ့မှာ ရပ်လိုက်တော့ လန့်ရပြီ..။

" အော် သားသား.. ဘယ်သွားမလို့လဲ မတွေ့တာတောင် ကြာနေပြီနော် ဘယ်ပျောက်နေတာလဲ အရပ်တောင် ရှည်လာတယ် ချောလည်းချောလာတယ် နင်တစ်ယောက်ထဲလား..နင့်အမေတို့ရော နေကောင်းလား  "

သားသား ခါးထောက်ပြီး စိုက်ကြည့်ကာ ခေါင်းညိမ့်နေလိုက်သည်..။

လူတွေ့လို့ ပြေးတာ မသိဘူး မှတ်နေလားမသိဘူး..။

" စောနက အမေ့ကို မတွေ့ဘူးလား.."

" ဟင် ဘယ်နားမှာလဲ.."

အံမယ်.. အမေက အနောက်အရပ်မှာ သိလို့ ရှေ့ကိုပဲ မဲ ရှာပြနေသေးတယ် ။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now