မိုးသား တိမ်ရိပ်
🌸pann
Part (21)
တီ..တီ
အပြင်က ကားဟွန်းတီးသံကြောင့် သားသားအမေ့ကို အော်ပြောပြီး ထွက်ခဲ့လိုက်သည်..။
ကားပေါ်တက်ထိုင်တော့ သူက လူကို ပြီတီတီ ကြည့်နေတာ.
" ဘာလုပ်နေတာလဲ မြန်မြန် မောင်း.. အမေတို့ကို ရှင်းပြနေရဦးမယ် "
နေလင်း ပြုံးပြီး မောင်းထွက်လိုက်သည်..။
သားသားတို့ ရပ်ကွက် ထဲက ထွက်ပြီး လမ်းမပေါ်ရောက်တော့ ကားလမ်းဘေးချပြီး ကားရပ်လိုက်သည်..
" ဘာလဲ ဘာဖြစ်လို့လဲ.. "
" ဘာလဲ.. "
" ကားက ဘာလို့ ထိုးရပ်သွားတာလဲ မေးတာ.."
" ရပ်လိုက်တာ "
" ဘာလုပ်ဖို့လဲ "
နေလင်း ကားခါးပတ်ဖြုတ်ကာ သားသားဘက် တည့်တည့်လှည့်ထိုင်ပြီး လက်ပိုက်ကြည့်နေလိုက်သည်..။
သားသား ကို ဒီလို စိုက်ကြည့်တော့ ဘယ်နေတတ်တော့မလဲ..
" မှန်းစမ်း.. "
နေလင်း သားသား မေးကို ဖြေးပင့်တင်ပြီး မျက်နှာတစ်ခုလုံး ပတ်ကြည့်နေလိုက်သည်..။
" ဘာလဲ "
" ဦးထုပ် ဘာလို့ မဆောင်းလာတာလဲ.. "
သားသား ခေါင်းစမ်းမိတော့ ဆံစတွေသာ ထိမိသည်..။
သေလိုက်တော့.. သားသားရေ
ဆံပင်ပုံဖော်ထားလို့ ပဲများပြီး မဆောင်းလာတာလေ..။
" ဟို လျှော်ထားလို့ "
" ဟုတ်လား "
" အင်.."
နေလင်း နှုတ်ခမ်းတစ်ဖက်ရွေ့တဲ့ထိ ပြုံးမိသည်..။
နွားလေး.. မသိရင် ခက်မယ် နော်
" ဆံပင် ကေပြောင်းထားမှပဲ သေချာဖြီးလာတတ်တာပဲ.. "
" ဟင် .. အင် "
သေချာ လိုက်ကြည့် ပြောနေတာပဲ..ရူးချင်တယ် ရူးချင်တယ် ။
အဝတ်အစားကတော့ အရင်အတိုင်းပါပဲ..
စပို့ရှပ် ပွပွဆိုပေမယ့် ဗြောင်အနက်ရှည် ပွပွ အောက်ကဘောင်းဘီရှည် ပွပွယွယွ..။
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...