မိုးသား တိမ်ရိပ်
🌸pann
Part (22)
" သားသား.. "
" ဗျာ အမေ "
" အခုတလော အမေ အကဲခတ်နေတာ အရင်ထပ် ပြုံးလို့ရွှင်လို့ပါလား.. ဘာပျော်စရာ ရှိလို့လဲ "
" ဟို.. "
အမေ မေးလာရလောက်တဲ့ထိ သားသားပုံစံ ပျက်နေတာပါတဲ့လား..။
နောက်လည်း သိရမှာ ဆိုပေမယ့် အခုသိ သိသွားပြန်တော့လည်း ဘာကစပြောပြီး ဘယ်လိုပြောရမှန်းမသိ ကြောင်အမ်းအမ်းကြီးနဲ့ပါ..။
တကယ်လို့ ပြောပြလိုက်ပြန်ရင်လည်း အမေက ဘာပြောဦးမလဲ..
မပြောပြန်ရင်လည်း သူများပြောမှ သိမယ့်အဖြစ်မျိုး အမေ့ကို မကြုံစေချင်..။
အမေ့ယုံကြည်မှု မပျက်ပြားစေချင်..
ပြေးကြည့်မှ ဒီသားမိနှစ်ယောက်ပဲ ရှိတာလေ..စိတ်ဝမ်းတွေ မကွဲစေလိုပါ ။
ခက်နေတာက ဘယ်လိုစလမ်းခင်းရမှန်း မသိတာပါလေ..
အော် ချစ်သူတစ်ယောက် ကောက်ရမိတာပါလို့ လွယ်လွယ် ပြောလိုက်ရမလား..။
ဒီလို ချောင်ပိတ်မိနေရတဲ့ ခံစားချက် ကြီးကို သားသား မုန်းတယ်.. လွတ်လပ်တဲ့ လူငယ်တစ်ယောက်မို့ ဖြစ်တာ နေမှာပါ
" ပြောလေ.."
ဟော.. အမေက ဇွတ်အတင်း ကို မေးလာနေပါရော ။
မျက်နှာကလည်း မရယ်မပြုံး မတည်မကြည်မို့ ရာသီဥတု ခန့်မှန်းလို့ကလည်း မရ..
မသိတော့ဘူး သားသားရေ.. ပြောသာပြောချလိကြ် ရိုက်တော့လည်း ခံလိုက်ပေါ့ အသေတော့ မသတ်လောက်ပါဘူး ။
သားသား ကိုယ့်ကိုယ်ကို အားပေးရင်း အရဲစွန့်ရသည်.
ဒီလိုသတ္တိမျိုးနဲ့ ဘ်ာဘဝကမှ စစ်သူကြီး မဖြစ်ခဲ့လောက်တာ သေချာသလောက် နီးပါးရှိသည်..။
ဟူး...
သားသား သက်ပြင်းလေး ခိုးချရသည်..
" ဟို.. သားသားမှာ ချစ်ရသူ ရှိနေပြီ အမေ "
" .... "
အမေက ဘာမှမပြောသေးဘဲ လူကိုစိုက်ကြည့်နေပြန်တော့ မိုးပြိုမလား မြေပဲအက်ကွဲမလား တောင်များပြိုကျမလား နဲ့ ရင်မှာတဒိတ်ဒိတ်..ကြာရင် နှလုံးရောဂါနဲ့ ဂိမလားမသိ..။
VOCÊ ESTÁ LENDO
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...