မိုးသား တိမ်ရိပ်
🌸pann
Part (12)
မနက် သူငယ်ချင်း လေးယောက်သား ကော်ဖီသောက်နေလိုက်သည်..။
" နေကြီး.. ညက ဘယ်သွားတာလဲ "
" ဟုတ်တယ် ဘယ်ချိန်ပြန်ရောက်တာလဲ.. "
" ခဏဆိုပြီး ကြာလိုက်တာ .. စောင့်နေတဲ့လူတွေတောင် တိုက်ပွဲကျ သွားတာ "
" ... "
" နေကြီး.. မေးနေတယ်လေ "
နေလင်း ကို အခုမှ စစ်လားမေးလားနဲ့.. ညတုန်းကတော့ လူမရောက်ခင် သေနေပြီးတော့ ။
" နေကြီး.. "
" ဘာလဲ "
" မေးနေတယ် လေ.. "
" မင်းတို့ကရော မုန့်ခဏသွားဝယ်တာ ဘာလို့ အရမ်းကြာနေရတာလဲ.. "
" ငါတို့ အရင်မေးတာနော်.. ပြော ဘယ်သွားတာလဲ "
" ရဲစခန်း.. "
" ဟမ်.. မင်းက ရဲစခန်း ဘာသွားလုပ်တာလဲ "
" အေးလေ ရဲစခန်းတဲ့.. မင်းသွားစရာ အဲ့လောက် ရှားနေလား ".
" ဘာလဲ ပျင်းလို့ သွားကစားတာလား.. "
နေလင်းကိုများ ဝိုင်းဖိနေလိုက်တာ.. ။
" ငါက ရဲစခန်း အားအားယားယား သွားရအောင် အဲ့မှာ ငါ့အဘ ရှိနေလို့လား.."
" မင်းအဘ မရှိတာ ဘာသွားလုပ်လဲ.. "
" သားသား ကို သွားခေါ်တာ "
" ဘာ.. "
နေလင်းကို အလယ်ထားပြီး အော်ချ လိုက်တာ နားတောင် အူရပြီ..။
" သေမလို့လား.. အဲ့လောက် အော်နေတာ "
နေလင်း နားထဲ လက်ညိုးထိုး ထည့်ကာ ပြောလိုက်သည်..။
" သားသားက ရဲစခန်း မှာပေါ့.."
" သူက ဘာလို့လဲ.. "
" ဒီကောင်က ရဲစခန်း ဘယ်သူ့သွားတွေ့တာလဲ.."
တော်တော် ကွိစွိကွစ များတဲ့ ကောင်တွေ..။
" သားသား အထဲရောက်လို့ သွားထုတ်ပေးတာ.."
" ဘာ.."
" ဘယ်လို..ဘာဖြစ်တယ် "
" သားသားက ဘာဖြစ်လို့လဲ "
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...