Part (28)

1.2K 52 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (28)

ဒီနေ့နဲ့ဆို သုံးရက်ရှိနေပြီ..နေလင်း မရောက်လာတာ ။

ဖုန်းဆက်တော့လည်း မကိုင် တွေ့ဖို့ချိန်းတော့လည်း ငြင်း.. နေလင်းရယ် ငါ ဘယ်လိုလုပ်မှ ရမှာလဲ ။

ဒီတိုင်း သာမန် မိတ်ဆွေ မို့ သူ့ရှေ့မရှောင်ဘဲ ကိုယ်လည်း ပြန်နှုတ်ဆက်တာ မင်း မြင်ရဲ့သားနဲ့.. ငါရိုးသားလို့ မင်းကို မိတ်ဆက်ပေးနိုင်တာ ငါရိုးသားလို့ ကွယ်ရာမသွားတာ ငါမင်းအပေါ် ဘာမှမထိမ်ချန်ထားဘူး.. ဒါ မင်းသိရဲ့လား ။

သားသား ဖုန်းကြည့်ပြီး ငိုရယ်ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်ပြီ.. နေလင်း ကျေးဇူးပြု ပြီးငါ့အနားက မရှောင်ပါနဲ့ကွာ

သန့်ဇင်တို့ဆီလည်း ဒီကောင် မလာသေးဘူး ပြောတယ်.. လာရင်လည်း ဖုန်းဆက်ပေးဖို့ ပြောထားဆိုထား ပြီးသား သူနဲ့ထိပ်တိုက်တွေ့ပြီး ရှင်းမှရမယ် မဟုတ်ရင် မလွယ်..။

အိမ်သွားတွေ့ရအောင်လည်း ကိုယ်ကမရဲ..ကိုယ့်အဆင့်အတန်းကို တားနေတဲ့ တံခါး ကြောင့်လား မိန်းကလေးဖြစ်နေတဲ့ တံခါးကြောင့်လား..သူ့မာတာမိခင် ကြောင့်လား သူ့ကြောင့်လား ဘာအတွက် ကြောင့် ဘယ်သူ့ကြောင့်တော့ မသိပေမယ့် ကိုယ် သွားဖို့မရဲတာတော့ အမှန်ပါလေ..။

နေလင်းသာ အသိုက်ထဲက ခဏလေးပျံသန်းထွက်လာပေးရင် ကောင်းမယ်.. ဒါဆို ဘယ်နေရာဖြစ်ဖြစ် လိုက်ဖမ်းနိုင်ပါသည်လေ

ကျေးဇူးပြု ပြီး မရှောင်ပါနဲ့.. နေလင်းရာ ။

.

ဒီနေ့နဲ့ဆို သားသားနဲ့ မတွေ့ရတာ သုံးရက်ရှိပြီ..။

ကိုယ် ဘယ်လောက် လွမ်းနေရလဲ.. ဘယ်လောက် တွေ့ချင်နေလဲ ကိုယ်သာအသိ ဒါပေမယ့် နောက် မှတ်သွားအောင် လုပ်ဖို့ကလည်း လိုတယ်မလား..

သူ့နား ဘယ်ကောင်ဆိုဘယ်ကောင်မှ မမြင်ချင်.. သူငယ်ချင်း အဖြစ်နဲ့တော့ ကိုယ်က ဝင်မပါ မဆိုင်ပေမယ့် ကိုယ့်ချစ်သူအနေနဲ့တော့ မရဘူး.. ဝင်ပါမှရမည် ။

မိန်းကလေး တစ်ယောက် နား ယောကျာ်းလေး အသိုင်းအဝန်းများနေရင် မသင့်တော်ဘူးလေ..

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now