မိုးသား တိမ်ရိပ်
🌸pann
Part (25)
" နေလင်းရေ..နေလင်း "
သားသား ချိုင့်သေး ချိုင့်ကြီး အိတ်သေးအိတ်ကြီးနဲ့ ယောက်ယတ်ကိုခတ်လို့..။
နေလင်း သားသား အသံကြားတာနဲ့ အပေါ်ထပ် ကနေ ပြေးဆင်းပြီး သားသားဆီပြေးသွားရသည်..။
" ပေး ပေး..ဒီကို "
သားသား လက်ထဲက ချိုင့်တွေကို လက်ပြောင်းယူလိုက်ရသည်..။
" ဘာတွေလဲ.. "
" မင်းတို့ စာကျက်ရင်း နေ့လည်စာ စားဖို့ ထမင်းဟင်း ချက်လာတာ.."
" မင်း ချက်တာလား.. "
" မဟုတ်ဘူး ငါ့အဒေါ်.."
" အာ့များ သူချက်လာသလိုလိုနဲ့ လာရွှီးနေသေးတယ်.. "
" ငါလည်း ကူထားပါတယ်နော်.. "
" အေးပါ.."
သားသား နဲ့ နေလင်း ချိုင့်တွေကို မီးဖိုချောင်ဘက် သွားထားပြီး အပေါ် စာကျက်တဲ့နေရာ နက်သွားလိုက်သည်..။
" ဟာ သားသား..လာ "
သားသား သူတို့ဆီ သွားလိုက်သည်..။
" မင်း လက်ထဲက ဘာလဲ.. "
" သရက်သီးမှည့် စျေးတန်တာနဲ့ ဝယ်လာတာ.."
" နေလင်း အတွက် လား.. "
" ဟဲဟဲ.. အစက သူ့အတွက် ရည်စူးပြီး "
" ဟျောင့် သားသား.. ရည်စူးရအောင် ငါကသေလူလား စကားကြည့်ပြောနော် သေမယ် "
နေလင်းက သားသား ခေါင်းကို တွန်းပြီး သားသားဘေး လာထိုင်တော့ သားသားရယ်ပြလိုက်ရသည် ။
" ဟဲဟဲ.. စတာပါ လျှာခလုတ်တိုက်ရင်း "
" အခွက်က "
" ဟဲဟဲ.. အစက မင်းအတွက် ရည်ရွယ်ပြီး ဝယ်တာ အော် အောင်နက်တို့လည်း ကျန်သေးပါလား ဆိုပြီး သူတို့အတွက်ပါ ဝယ်လာတာ "
" ခွေးကောင်..ငနာ ငါတို့ကို ခွေးလို့ ပြောလိုက်တာလား "
" သတ်ပစ်..သတ်ပစ် "
သားသား ကိုယ်ပေါ် သန့်ဇင်တို့က ဖိတော့ နေလင်းက ကြားထဲက သားသားကိုယ်ပေါ်ကာထားပေးတော့ သန့်ဇင်တို့ လုပ်တာ သားသားအပေါ် အကျိုးသိပ်မသက်ရောက် ။
VOCÊ ESTÁ LENDO
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...