မိုးသား တိမ်ရိပ်
🌸pann
Part (24)
သားသား အရင် ရုပ်ရှင်ရုံ ရောက်နေပြန်သည်..။
နေလင်းက လာခေါ်မယ် ပြောပေမယ့် သူ့အချိန်တွေ ပုပ်နေမှာစိုးလို့သာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာလိုက်သည်..။
လာရင်တော့ သားသားကိုအဘိုးကြီးတစ်ယောက်လို ဗျစ်တောက်နိုင်ဦးမှာ အသေချာပဲ..သူက သားသား လာကြို ပြီးရင် ဟိန်းမင်း တို့ကို ပြန်ခေါ် အာ့တွေပြီးမှ ရုပ်ရှင်ရုံရောက်မှာမလား..။
တစ်နေရာနဲ့တစ်နေရာက တောင်နဲ့မြောက်လေ..။
နေလင်းတို့အိမ်နဲ့ အဆောင်နဲ့က အရမ်းအလှမ်းမှ မဝေးဘဲ လမ်းသင့်သေးသည်လေ.. သားသားကသာ လမ်းတစ်ဖက်ရောက်နေတာလေ ။
အခုလည်း ကြို ထွက်လာရမလားဆိုပြီး ရစ်တော့မှာ ဘုရားသိကြား မပြောလည်း သိနေပြီ..
" ဟာ..ကိုသား "
သားသား နာမည် ခေါ်သံကြားလို့ ဘေးပတ်ကြည့်တော့ ကောင်းထက်..
" ကောင်းထက်.. "
" ဟုတ်.. ကိုသား ရုပ်ရှင်လာကြည့်တာလား "
" အေး မင်းရော.. "
" ကျွန်တော်ရော လာကြည့်တာ.."
" ဒီနေ့ ဆိုင်ပိတ်လို့လား "
" မဟုတ်ပါဘူး.. ကျွန်တော့်ကို သူဋ္ဌေးက ဒီနေ့တစ်ရက် နားရက်ပေးထားတာ ကျွန်တော် ကြားရက်တွေ နားရက်မယူထားရသေးလို့ "
" ကြိုးစားလှချည်လား.. "
" ကြိုးစားတယ် ဆိုတာထပ် ငွေကို ကိုယ်တိုင်ကိုင်တော့ တိုးပဲတိုးလာချင်တာ လျော့မသွားချင်တဲ့ လောဘက တက်တက်လာတော့ ပင်ပန်းလည်း မနားဖြစ်ဘူး "
" ဟားဟား.. ကောင်းတယ် အဆင်ပြေတယ်မလား "
" ပြေပါတယ်.. ကိုသားနဲ့လည်း မတွေ့တာကြာပြီ "
" ဟုတ်ပါ့.. ငါလည်း ခြေများနေတာနဲ့ ရပ်ကွက် မပတ်ဖြစ်ဘူး "
" ကိုသားက တော်ပါတယ် ဗျာ.. ပါးစပ် ရအောင် လုပ်တတ်တယ် "
" အလုပ်လက်မဲ့ ပါကွာ.. ဘယ်က ပိုက်ဆံ ရအောင် လုပ်ရမှာလဲ "
" မပြောပါနဲ့ ဗျာ.. ပန်းလည်းရောင်းတာ ကျွန်တော် ကြားပါတယ် အတိုးလည်း ကောက်တတ်သေးတယ် မလုပ်တတ်တာ ခပ်ရှားရှားပါဗျာ.. "
YOU ARE READING
မိုးသား တိမ်ရိပ် (Unicode)
Romance" အပေါ်ယံ ပညတ်ချက်ကိုကြည့်ပြီးမှ ချစ်နိုင်တာ.." " မင်းက အချစ်ကို အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာလား.. " " လိုအပ်တယ်လေ " " မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ " ...