<Unicode>
"ငါတို့လမ်းခွဲရအောင်"
သူမရဲ့စကားအဆုံး ချစ်ဇွဲကိုတစ်ယောက်မူးဝေသွားတော့တယ်။ ဒါသူ့ရဲ့(၁၁)ယောက်မြောက်ချစ်သူ၏ လမ်းခွဲစကားပင်။ သူ၏ဘဝတွင်ရည်းစားအများအပြားထားခဲ့သည်မှန်သော်လည်း ထိုရည်းစားတိုင်းက အများဆုံးတစ်ပတ်ပင်မခံချေ။ ပြတ်တော့လည်း သူ့ဖက်ကမဟုတ်။ သူမတို့ဘက်ကသာလမ်းခွဲစကားပြောခဲ့သည်ချည်း။ သူမတို့ထိုသို့ပြောတိုင်းသူ့မှာမေးမြန်းချိန်မရခဲ့။ 'ပြောပြီးထွက်သွား နောက်နေ့ပြတ်သွား´ဒါချည်းပင်။ ယခုလည်း သူ၏(၁၁)ယောက်မြောက်ချစ်သူလေးသည် လမ်းခွဲစကားပြောပြီးတာနဲ့ ထွက်သွားလေပြီ။ ဒီတစ်ခါလည်း သူဘာမှမပြောလိုက်နိုင်။အမေရေ သားဘာလို့ဒီလောက်အချစ်ရေးကံဆိုးရတာလဲဗျာ
ချစ်ဇွဲကိုတစ်ယောက် သူ သုံးတန်းတုန်းက ကျန်းမာရေးမကောင်းသဖြင့် ဆုံးသွားတယ့်အမေကိုသာ တနိုင်တော့သည်။ သုံးတန်းကတည်းက အမေကိုဆုံးရှုံးလိုက်ရသော သားလေးကို သူ့အဖေ ဦးသူရိန်ကို ကလည်းအလိုလိုက်ထားလေတော့ ချစ်ဇွဲကို ထင်ရာစိုင်းနေခဲ့တာဖြစ်သည်။ သူ့ဘဝတွင် လိုချင်လျှင်အကုန်ရနေခဲ့တာဖြစ်သည်။ လိုချင်တယ်ဟုပြောလိုက်ရုံဖြင့် ချက်ချင်းရှေ့တော်မှောက်ကို ရောက်လာသည်အထိကံကောင်းသူ။ သို့သော် ဤမျှကံကောင်းပါသော သူ၏ဘဝတွင် အချစ်ရေးကံခေနေလေသည်။
•••••••••••••• •••••••••••••••"ဟေ့ကောင် ပြတ်သွားပြန်ပြီလားကွ"
သူငယ်ချင်းဖြစ်သူ သူရတံခွန်၏အမေးကို ချစ်ဇွဲကို လေးပင်စွာခေါင်းညိတ်လျက်ပင် ပြန်ဖြေလေသည်။
"မင်းကွာ မြဲတယ်လို့ကိုမရှိပါလား။ ဒီလိုပုံစံနဲ့ဆိုရင်တော့ မင်းလူပျိုကြီးလုပ်ရတော့မယ်ထင်တယ်ကွ"
သူရ၏ပြောင်စပ်စပ်အပြောကို ချစ်ဇွဲကိုပြန်မပြောလို။ ဒီအချိန်မှာ ချစ်ဇွဲကိုစိတ်ညစ်နေသည်မို့ မျက်စောင်းတောင်လှမ်းမထိုးမိ။ သူရတစ်ယောက်လည်း သူငယ်ချင်း စိတ်ညစ်နေသည်ကို ရိပ်မိသဖြင့် ဘာမှဆက်မပြောတော့။ သူငယ်ချင်းနှစ်ယောက်ကြားအတန်ကြာ တိတ်ဆိတ်သွားပြီးနောက် စကားစလိုက်သူမှာ သူရပင်။
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း