အပိုင္း(၅)

1.8K 195 5
                                    

<Unicode>
နေမင်းကြီးသည် အရှေ့အရပ် မိုးကုပ်စက်ဝိုင်းအတွင်းမှ ထွက်ပေါ်လာချေပြီ။ ကျေးငှက်သာရကာများ၏ အသံများကလည်း ဆူညံလို့။ လူသားများသည်လည်း တစ်နေ့တာ၏ လုပ်ငန်းဆောင်တာများကို စတင်နေကြပြီ။ ဤအချိန်တွင် ရွာတစ်ရွာ၏ သူကြီးအိမ်၌ မြို့သားလေးတစ်ယောက်မှာမူ အိပ်ပျော်နေလျက်ရှိသည်။ ထိုမြို့သားလေး၏ အိပ်ရာဘေးတွင် စိတ်မရှည်သူတစ်ယောက်ကလည်း မှုန်ကုတ်စွာရပ်နေလျက်။

"ဟေ့ကောင်..မင်း မထသေးဘူးလားကွာ..ထတော့ ..ဟေ့ကောင် ချစ်ဇွဲကို."

အိပ်ယာထရန် နှိုးနေပါသော်လည်း အနှီသကောင့်သားက နားငြီးသည့်အလား အင်းအဲလုပ်လျက် စူပုတ်စွာ ဟိုဘက်လှည့်အိပ်နေသည်။

အာ..မေ့သွားတာ..နေမြင့်မှထတတ်မယ့် ဒီလိုသူဌေးသားအား အသံနှင့်နှိုးလို့ ဘယ်ရမလဲ..

ထိုလူက ချက်ချင်းပင် အိပ်နေသောချစ်ဇွဲကိုအား ခြင်ထောင်အပြင်မှကိုင်လှုပ်ပါတော့သည်။ ပါးစပ်လည်း အဆက်မပြတ်အော်လျက်

"ထတော့..ထတော့"

"အင်း..ဘာဖြစ်နေတာလဲ..သားအိပ်အုံးမှာ..."

ချစ်ဇွဲကိုတစ်ယောက်ကတော့ သူဘယ်မှာအိပ်နေလဲ မေ့နေသည်ထင်၏။

"ဟေ့ကောင်..ထတော့လို့ ..နေမြင့်နေပြီ.."

ထိုအသံကြားမှ ချစ်ဇွဲကိုတစ်ယောက်  မျက်လုံးများပွင့်လာတော့သည်။ အခုမှ သူဤရွာရောက်နေမှန်း ချစ်ဇွဲကိုသတိရသွားလေသည်။

"မင်းထမှ ကျုပ်ကအိပ်ရာသိမ်းခဲ့လို့ရမှာ..ကျုပ်ရွာထဲမှာ အလုပ်ရှိသေးတယ်..မအားဘူး"

ချစ်ဇွဲကိုတစ်ယောက် အိပ်ချင်မူးတူးရုပ်ဖြင့် စူပုတ်လျက် ထရချေပြီ။
ခါတိုင်းဆိုရင် ချစ်ဇွဲကိုက နောက်ကျမှအိပ်ရာထတတ်သော်လည်း ကိုယ်ကသူများအိမ်ရောက်နေတော့ အကြာကြီးအိပ်နေလို့ မသင့်တော်ချေ။ ချစ်ဇွဲကို သွားတိုက်တံလေးနှင့်သွားတိုက်ဆေးယူ၍ မျက်နှာသစ်ရန် ထွက်လာခဲ့လိုက်သည်။

ချစ်ဇွဲကိုမျက်နှာသစ်ပြီး ပြန်တက်လာတော့ ထိုလူက အိမ်ရှေ့လှေကားမှ အပြင်သွားရန်ဆင်းနေလေပြီ။ ချစ်ဇွဲကိုလည်း သူ၏ ကားကိစ္စကိုသတိရ၍

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now