<Zawgyi>
အဲ့ဒီညက ဇွဲ ရှိုင်းရဲ့အိမ်မှာနေခဲ့သည်။ မိဘတွေက သဘောတူလိုက်ပြီဖြစ်ကြောင်း စကားအနည်းငယ်ပြောပြီးနောက် ဦးသူရိန်ကိုက အလုပ်တွေကိုခပ်ကြာကြာပစ်ထားလို့မရတာကြောင့် ရန်ကုန်ကိုပြန်သွားခဲ့သည်။ သူရလည်းလိုက်သွားပါသည်။ ဘာကြောင့်ဆို သူ့မှာနေစရာမှမရှိဘဲ။ ဇွဲတို့ကြားထဲလည်းဝင်မအိပ်ချင်ဘူးဆိုပြီး ရန်ကုန်ကိုပြန်လိုက်သွားခဲ့တာ။ ဒါများ လိုက်လာနေသေးတယ်။ သူဘာမှလည်းမလုပ်ဘဲနဲ့။ ပြီးတော့ တစ်ကိုယ်လုံးရွှံ့ဗွက်တွေနဲ့ ရေတွေရွှဲပြီးပြန်ရောက်လာလို့ ရေချိုးခိုင်းပြီး ရှိုင်းရဲ့အင်္ကျီပေးလိုက်ရသေးသည်။ သူရက တစ်ခါတစ်လေလည်း တော်တော်အားကိုးရသလို တစ်ခါတစ်လေလည်း တော်တော်ဆိုးပါသည်။ထိုညက ရှိုင်းတို့ရဲ့ကြည်နူးဖွယ်မိသားစုထမင်းဝိုင်းလေးအား ဇွဲပြန်လည်ခံစားလိုက်ရသည်။ ဦးသူရိန်ကိုက အမြဲတမ်းအလုပ်များနေတာမို့ ဇွဲမှာ တစ်ယောက်တည်းထမင်းစားရတာများသည်။ မိသားစုစုံစုံလင်လင်နဲ့ထမင်းဝိုင်းလေးကြောင့် ဇွဲ တစ်ကယ်ကြည်နူးမိတာအမှန်။
ထမင်းဝိုင်းတွင်တော့ ဦးမြင့်ထွန်းက ပုံမှန်ပါပဲ။ အရင်နေ့တွေက ဒေါသတွေလည်းမရှိတော့သလို အစတုန်းကဖော်ဖော်ရွေရွေပုံစံလေးကိုပြန်မြင်နေရသည်။ အရီးနုကတော့ ပြုံးရွှင်ပြီး ကိုယ်ထမင်းစားဖို့ကိုတောင်မေ့လျက် ရှိုင်းနှင့်ဇွဲအား ဟင်းတွေထည့်ပေးနေခဲ့သည်။ ခွန်းမာန်ရှိုင်းနဲ့ချစ်ဇွဲကိုသည်လည်း ပြုံးရွှင်ကြည်နူးလျက်ပေါ့။
ရင်းနှီးနေတဲ့ခြင်ထောင်အမိုးလေး။ မာပေမယ့်သက်တောင့်သက်သာရှိနေတဲ့ ကျောပြင်အောက်ကအထိအတွေ့။ အိပ်ခဲ့ဖူးတဲ့အခန်းကျဉ်းလေးအားကြည့်ပြီး ဇွဲ အတိတ်ကိုသတိရ၍ ပြုံးမိသည်။ တစ်ဖက်ခြင်ထောင်က ရှိုင်းရဲ့ဝိုးတဝါးပုံရိပ်အားကြည့်၍ *အော် နောက်ကျရင်အိပ်ရာတစ်ခုထဲ အိပ်ရတော့မှာပါလား*ဟုတွေးမိပြီး ကြက်သီးဖြန်းဖြန်းထရသေးသည်။ အတွေးနဲ့အတူ မျက်နှာတစ်ပြင်လုံးနီရဲလျက်။
ဇွဲကသာ အတွေးတွေနဲ့နပန်းလုံးနေတာ ရှိုင်းကတော့ သက်တောင့်သက်သာနဲ့ အိပ်ပျော်နေပြီလားမသိ။ ငြိမ်နေတာပဲ။ အေးပေါ့လေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်ကအကောင်းဆုံးပဲလေ။
YOU ARE READING
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း