အပိုင္း(၂၀)(Final)

2.4K 126 26
                                    

<Unicode>
ကျယ်ဝန်းလှသောခြံဝန်းအလယ်။ ကောဇောခင်းထားသောလျှောက်လမ်းလေး။ တစ်ဖက်တစ်ချပ်စီတွင် ထိုင်ခုံဖြူများ အစီအရီခင်းကျင်းထားသည်။ ပန်းတွေအလှဆင်ထားသည်မှာလည်း လွန်စွာမှ လှပသောမြင်ကွင်းတစ်ခု။ ဆူညံစွာလှုပ်ရှားသွားလာနေသောလူတွေလည်းရှိနေသည်။ ကနေ့တွင် ဤနေရာရှိလူတိုင်း၏မျက်နှာတွင် အပြုံးတစ်ပွင့်ရှိနေလေရဲ့။

သေချာပါ၏။ ဤနေ့ကတော့ ခွန်းမာန်ရှိုင်းနှင့်ချစ်ဇွဲကိုတို့၏ မင်္ဂလာပွဲပင်။

"သား မိတ်ကပ်တွေသိပ်မပြင်နဲ့နော်"

"အင်းပါ အဖေရဲ့ ဓာတ်ပုံရိုက်ရင်လှအောင်လို့ပါ"

ဦးသူရိန်ကို၏စနောက်စကားအား ဇွဲ ရုပ်တည်နှင့်ပင် ပြန်စနောက်လိုက်သည်။ ပြီးတော့ သားအဖနှစ်ယောက် လွတ်လပ်စွာရယ်မောကြသည်။

မင်္ဂလာပွဲအား ဇွဲတို့ခြံဝန်းထဲ၌ပင်ရိုးရိုးရှင်းရှင်းလုပ်သည်မို့ နှစ်ဖက်မိသားစုနှင့် ရင်းနှီးသောအသိမိတ်ဆွေများသာဖိတ်ထားသည်။ ဤမင်္ဂလာပွဲအား ဇွဲဘက်ကဆွေမျိုးများ လုံးဝမလာကြပေ။ ယောက်ျားလေးချင်း လက်ထပ်တာကို သူတို့သဘောမတူကြ။ သဘောမတူပဲ စိတ်ဆိုးနေကြလည်း ဇွဲကလုံးဝဂရုမစိုက်ပါချေ။ နဂိုတည်းကလည်းသိပ်မရင်းနှီးသည်မို့ လာတာမလာတာ ဇွဲ အာရုံထဲမထားပေ။ ထိုဆွေမျိုးများလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ချစ်ဇွဲကိုက မင်္ဂလာဆောင်မှာပင်။

••••••••••••••••••••••••••••••••••••

သူရ ပွဲစတော့မည်မို့ အပြင်အဆင်များအားစစ်ဆေးကြည့်နေသည်။

ဘုတ်

အင့်

ခင်းကျင်းထားသော ထိုင်ခုံများဘေးတွင် လမ်းကိုမကြည့်ဘဲလျှောက်လာသည်မို့ သူရ တစ်‌ယောက်‌ယောက်နှင့်ဝင်တိုက်တော့သည်။ ငုံ့ကြည့်လိုက်တော့ မြက်ခင်းပေါ်တွင် ဖင်ထိုင်လျက်လဲကျနေသော ကျော်ဇောအားတွေ့လိုက်ရသည်။ ထူပေးရန် လက်ကမ်းရင်း သူရ ပွစိပွစိပြောလိုက်သည်။

"ဝင်တိုက်မိတာကိုလဲပါလဲကျရလား အားမရှိဘူးလား??"

"သတိလွတ်သွားလို့ဗျ...နေပါအုံး ခင်ဗျားကလည်းဝင်တိုက်သေးတယ် အပြစ်ကလည်းပြောသေးတယ်...ကျုပ်ဟာကျုပ် ဒီနားမှာရပ်နေတာဗျ"

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now