အပိုင္​း(၈)

1.5K 166 3
                                    

<Unicode>
[A/N: ♪ညနေ နေရ‌ီ နေရီ ...ရေခပ်ချိန်လေးနီးလာပြီ♪]

ညနေခင်းအချိန်အခါဝယ် ချစ်ဇွဲကိုတစ်ယောက် ရေသွားခပ်မည့်ခွန်းမာန်ရှိုင်းနောက် 'အိမ်မှာနေရတာ ပျင်းလို့' ဟုအကြောင်းပြ၍ လိုက်လာပါသည်။ ခွန်းမာန်ရှိုင်း ချောင်းစပ်မှာ ရေပုံးချ၍ရေခပ်နေစဉ် ချစ်ဇွဲကို ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဟော..တွေ့ပါပြီဗျာ ..မလှမ်းမကမ်းမှာပဲ  လုံမပျိုတို့အုပ်စု ရေခပ်ဆင်းလာကြပါသည်။ အပြာနုရောင် ဝမ်းဆက်လေးနဲ့ ကျစ်ဆံမြီးလေးကျစ်ထားသော ခတ္တာက အားလုံးထဲမှာ ထင်းခနဲနေအောင် လှနေပါသည်။ ချစ်ဇွဲကို အချိန်ကို အလဟသတ်မဖြုန်းဘဲ ခတ္တာရှေ့ကို ဝှစ်ခနဲရောက်သွားပါတော့သည်။

"ခတ္တာ..တိုက်ဆိုင်လိုက်တာနော်. ကိုယ်တို့တွေ့ကြပြန်ပြီ"

ချစ်ဇွဲကို နှုတ်ဆက်လိုက်သည်ကို ခတ္တာက အံဩသွားသော်လည်း ပြုံးပြလာပါသည်။

"ဟုတ်..အကို တွေ့ကြပြန်ပြီ"

ချစ်ဇွဲကိုတစ်ယောက် အပြုံးကြီးကြီးပြုံး၍ ခတ္တာအား စတင်ပရောပရည်ပြုမည်အပြု

"ချစ်ဇွဲကို..ပြန်မယ်လေ..ရေခပ်ပြီးပြီ"

"....."

ဒီအဖျက်သမားကတော့ကွာ...

ရေပုံးနှစ်ပုံးအား ဆွဲလျက် အနားရောက်လာသောခွန်းမာန်ရှိုင်းအား ချစ်ဇွဲကိုစိတ်ထဲမှ ကျိန်ဆဲမိသည်။

"အကိုခွန်း.."

ထိုစဉ် ခတ္တာက ခွန်းမာန်ရှိုင်းအား ရှက်ပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။ သူမ၏ မျက်လုံးထဲသို့လှမ်းကြည့်မည်ဆိုလျှင်ဖြင့် ချစ်ခင်နှစ်သက်မှုများ ပြည့်လျှံနေသည်ကိုတွေ့ရပေလိမ့်မည်။

ဘာလား!!..ခတ္တာက ဒီလူကို....!!

ချစ်ဇွဲကိုတစ်ယောက် အံ့ဩစွာမကျေမနပ်ဖြစ်နေချိန် ခွန်းမာန်ရှိုင်းကတော့ ခတ္တာအား တစ်ချက်ပင်ပြုံးပြပြီး လှည့်မကြည့်တော့ချေ။ သူ၏မျက်လုံးများက ချစ်ဇွဲကိုထံတွင်သာ မြဲမြံလျက်ရှိသည်။ သူသိတာပေါ့..ဒီကောင်လေး ခတ္တာကို ရိသဲ့သဲ့ လုပ်ချင်နေတယ်ဆိုတာ။ ခွန်းမာန်ရှိုင်း ကိုယ့်ရွာသူကိုပဲအူတိုနေတာလား..?..ဒါမှမဟုတ်..အဟမ်း..အဟမ်း..အဟမ်း..။

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now