အပိုင္​း(၁၈)

1.3K 112 10
                                    

<Unicode>
ကြည်လင်နေသောရေပြင်ပေါ်မှာ လှပသောခရမ်းရောင်ဗေဒါပန်းလေးများရှိသော ရေကန်လေးတစ်ခု။ ထိုရေကန်လေးဘေးတွင်တော့ အောက်ကိုလုံးဝမကြည့်ဘဲ မြောက်ကြွမြောက်ကြွနဲ့လျှောက်နေတဲ့ အမြင်ကတ်စရာလူတစ်ယောက်ရှိနေသည်။ သေချာပါ၏။ ထိုသူကတော့ နေကာမျက်မှန်တပ်၍ရှိုးထုတ်နေသော သူရပင်။

ဇွဲတို့၏ကိစ္စက သူနဲ့လည်းမဆိုင်တော့ သူကြီးအိမ်သို့မဝင်တော့ဘဲ တစ်ယောက်တည်းလမ်းခွဲ၍ ရွာထဲသို့ပတ်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ပြသနာတတ်နေမည့်စကားများအား သူနားမထောင်ချင်။ ဇွဲတို့အတွဲ၏ အီစီကလီmomentများကိုလည်း သူရမကြည့်ချင်ပေ။ ယခင်တစ်ခါရောက်တုန်းက ဇွဲကိစ္စကိုပဲ ရှင်းနေရသဖြင့် သူရ ရွာပတ်ဝန်းကျင်အား သေချာမကြည့်ခဲ့ရ။ ထို့ကြောင့် တစ်ယောက်ထဲအေးအေးဆေးဆေးရွာထဲပတ်လျှောက်နေခြင်းဖြစ်၏။

ဗွမ်း

ရှပ်ပြာရှပ်ပြာနဲ့ အောက်မကြည့်ဘဲလျှောက်နေသော သူရတစ်ယောက် ဗေဒါကန်ထဲ ပြုတ်ကျလေပြီ။ ကဗျာဆန်ဆန်လှပတဲ့မြင်ကွင်းမျိုးမဟုတ်။ ခွေးကျဝက်ကျကို ကားယားကြီးပြုတ်ကျခြင်းပင်။ သူရပြုတ်ကျသွားသောနေရာတစ်ဝိုက်တွင် ရေတွေနောက်၍ ဗွက်တွေထလာချေပြီ။ ဗေဒါပန်းတွေလည်း ကျိုးပဲ့၍ ကျွမ်းထိုးမှောက်ခုံတွေဖြစ်ကုန်ပြီ။ ရွာအဝင်လမ်းမှာ တစ်ခါချော်လဲသေးလည်း သူရ သတိမထားပါချေ။

"သတိထားမှပေါ့ဗျ..."

ဒီတစ်ခါနဲ့ဆို ထိုစကားကြားရတာ သူရနှစ်ခါရှိပြီ။ ပထမတစ်ခါက ဇွဲ၏အဖေ ဦးသူရိန်ကိုပြောတာပင်။ ယခုတစ်ခါက...အဲ ဘယ်သူပြောတာလဲ..???

သေချာတာကတော့ သူရ တစ်ယောက်ယောက်ရှေ့မှာအရှက်ကွဲပြီဆိုတာပင်။ အသံကလည်းအနည်းငယ်ရင်းနှီးနေသလိုရှိတာမို့ သူရ ပို၍ထူပူလာရသည်။ သူရ အသံလာရာကိုမော့ကြည့်လိုက်ပေမယ့် နေကာမျက်မှန်အမည်းရောင်ကတစ်ကြောင်း ရေတွေရော ရွှံ့တွေဗွက်တွေပေနေတာကတစ်ကြောင်းနဲ့ မြင်ကွင်းကလုံးဝမရှင်းလင်းချေ။ နောက်ဆုံးတော့ သူရ နေကာမျက်မှန်ချွတ်လိုက်ရပါပြီ။ မြင်လိုက်ရသည်ကတော့ သူရကိုထူရန်လက်ကမ်းပေးနေသည့် ကျော်ဇောပင်။

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now