<Unicode>
"ရှိုင်းရေ..."အော်သံနှင့်တကွ အခန်းတံခါးအားတွန်းဖွင့်ကာ ဝမ်းသာအားရဝင်လာသောချစ်ရသူ။ ရှိုင်း ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ပြီး ပြောလာမည့်စကားတို့ကို နားထောင်ရန် အသင့်ပြင်ထား၏။ မတရားခုန်ပေါက်နေသော နှလုံးက ချက်ချင်းအပြင်ကိုခုန်ထွက်လာတော့မယောင်။
"အဖေက သဘောတူလိုက်ပြီ"
ပြုံးရွှင်စွာပြောလာသော ချစ်ရသူ၏ စကားသံက နားထဲသို့ ပျားသကာကဲ့သို့စီးဆင်းသွားသည်။ ပျော်ရွှင်မှုကား နှိုင်းမရနိုင်တော့။
"တစ်ကယ်...ဝမ်းသာလိုက်တာ ချစ်ရယ်"
ရှိုင်း ဇွဲကိုယ်လေးကိုနူးညံ့စွာထွေးပွေ့လိုက်သည်။ နှစ်ယောက်သား၏မျက်ဝန်းများက ပျော်ရွှင်မှုမျက်ရည်များဖြင့်စိုစွတ်နေခဲ့သည်။
ဖက်ထားတာအတန်ကြာတော့မှ ရှိုင်း ဇွဲကို မလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ရသည်။ အိပ်ချိန်ရောက်နေပြီ မဟုတ်ပါလား။ တစ်ညလုံးဖက်ထားလို့မှ မရဘဲ။
ရှိုင်း ဇွဲအား နှုတ်ဆက်မည်အပြု ရှိုင်း၏ပါးတစ်ဖက် နွေးထွေးသွားခြင်းနှင့်အတူ ခွန်းမာန်ရှိုင်း ကျောက်ရုပ်ဖြစ်သွားတော့သည်။
သေချာပါ၏။ ဇွဲက ရှိုင်း၏ပါးအား ရွှတ်ခနဲနမ်းလိုက်ခြင်းပင်။ ချစ်သူစဖြစ်ကတည်းက လက်ကိုင်တာနဲ့ ပွေ့ဖက်တာလောက်ပဲလုပ်ဖူးသော ရှိုင်း ရုတ်တရက်အနမ်းခံလိုက်ရတာ အသားမကျသေးပေ။ သူ၏ ရင်ဘတ်ထဲမှ နှလုံးသားဟာလည်း အပြင်ကိုထွက်ချင်လာသယောင် သောင်းကျန်းနေလေပြီ။
"ဂွတ်နိုက်နော်...မနက်ကျရင် ရှိုင်းသွားချင်တဲ့နေရာလိုက်ပို့ပေးမယ်..အိပ်တော့.."
ရှိုင်းကို လောကကြီးနှင့်အဆက်အသွယ်ပြတ်ပြီး လေထဲမှာလွင့်နေသလိုဖြစ်အောင် လုပ်သွားသော တရားခံလေး ချစ်ဇွဲကိုမှာ ဘာမှမဟုတ်သလို နှုတ်ဆက်ပြီး ထွက်သွားလေရဲ့။ ရှိုင်းမှာတော့ ရင်ခုန်သံနဲ့နပန်းလုံးရင်း အိပ်စက်ဖို့ အပြင်းအထန်ကြိုးစားလိုက်ရလေသည်။
^•^•^•^•^•^•^•^•^•^•^•^•^
ယခုမနက်ခင်းအချိန်အခါတွင်တော့ အပြင်သွားဖို့ရန်ပြင်ဆင်နေကြသည့် လူသားနှစ်ယောက်အား မြင်တွေ့ရမှာဖြစ်ပါသည်။
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း