အပိုင္​း(၁၄)

1.2K 126 9
                                    

<Unicode>

ကျော်ဇောတစ်ယောက် ရှိုင်းအားရွာစပ်အထိခေါ်လာခဲ့သည်။ ဇွဲနဲ့သူရက ရွာပြင်မှာ ရှိုင်းကိုမျှော်နေကြသည်။

ရွာပြင်ကိုရောက်တော့ ကျော်ဇော ရင်ထဲကအလုံးကြီးကျသွားသလိုစိတ်အေးသွားရသည်။ အဆုံးထိရောက်အောင် စိတ်မအေးရသေးခင် ကျော်ဇော ကိစ္စတစ်ခုကိုသတိရလိုက်သည်။ သူ..သူကြီးနဲ့ရင်ဆိုင်ရအုံးမည်။

ဇွဲ ရွာထဲကထွက်လာသည့်ရှိုင်းအားမြင်တာနဲ့ တစ်ပြိုင်နက်ဝမ်းသာအားရပြေးဖက်ပါတော့သည်။ ရှိုင်းကလည်း ဇွဲကိုလွတ်သွားမှာစိုး၍အလား တင်းကြပ်စွာပြန်လည်ဖက်တွယ်ထားသည်။ နေ့တစ်ဝက်လေးခွဲရတာကို ဆယ်နှစ်လောက်ခွဲပြီးမှပြန်တွေ့ကြသောချစ်သူများအလား ဖက်တွယ်ထားသော လူနှစ်ယောက်ဘေးတွင်တော့ တစ်ကိုယ်တည်းသမားနှစ်ယောက်ဟာ အဖက်လုပ်မခံရသလို တစ်သီးတစ်သန့်ရှိနေသည်။

အလွမ်းသယ်နေသော ချစ်သူငယ်ချင်းအစား သူရဟာ ကျော်ဇောကို ကျေးဇူးတင်စကားဆိုနေပေမယ့် ကျော်ဇောဟာမပျော်နိုင်ရှာ။ ကိုယ့်ပြသနာမဟုတ်ဘဲ ဝင်ပါရရှာသော ကျော်ဇောအား သူရအားနာမိပါသည်။ နောင်တစ်ချိန်မှာ ကျော်ဇော၏ကျေးဇူးအား လုံးဝ လုံးဝမမေ့ရန် ဇွဲကိုသတိပေးရမည်ဟု သူရ တစ်ဆက်တည်းတွေးမိလိုက်သည်။

ကျော်ဇောကို ကျေးဇူးတင်စကားပြောပြီးတာနဲ့ သုံးယောက်သား ကားရပ်ထားရာလမ်းမသို့ ဦးတည်လျှောက်လှမ်းလာကြသည်။ ပစ်ထားတာကြာ၍ ဖုန်တွေနဲ့သစ်ရွက်ခြောက်တွေတင်နေသော ဇွဲ၏ကားလေးနောက်မှာ သူရ၏တောက်ပြောင်နေသောကားလေးရှိနေသည်။

ဤနေရာလေးကိုပြန်ရောက်တော့ ဇွဲအတိတ်ကိုသတိရမိသည်။

"ရှိုင်းရေ...ကျွန်တော်တို့ စတွေ့တဲ့အချိန်လေးကိုမှတ်မိရဲ့လား..??"

ဇွဲ၏မေးခွန်းကြောင့် ရှိုင်း နှစ်လိုဖွယ်ပြန်ပြုံးပြလိုက်သည်။

"ဘယ်မေ့မလဲ..ချစ်ရဲ့...ကိုယ့်ဘဝရဲ့မမေ့နိုင်တဲ့နေ့လေ.."

ဇွဲနဲ့ရှိုင်းတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ရည်ရွှန်းလဲ့သောမျက်လုံးများဖြင့်ကြည့်၍ ပြုံးပြကြပြန်သည်။

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now