extra-2
1.1K 81 7
ဇွဲနဲ့ရှိုင်းတို့နှစ်ယောက် ကားဂိတ်မှာ တစ်စုံတစ်ယောက်ကိုစောင့်နေကြသည်။ မနက်အစောကြီး ဇွဲတို့အိမ်ရောက်ချလာပြန်သည့် သူရလည်းပါသည်ပေါ့။ အလိုက်ကမ်းဆိုးမသိ သူများအိမ်ကို အစောကြီးရောက်လာပြီး အိပ်ရေးပျက်အောင်နှောင့်ယှက်သည့်အပြင် မနက်စာပါ လာလာကပ်စားနေတာ ဇွဲ သည်းမခံနိုင်။ ထို့ကြောင့် သူရကို ဒီမနက်တင် ပွစိပွစိပြောပြီး ထုထားသေးသည်။ ဒါတောင် အနှီသကောင့်သားက ဘာမှမဖြစ်သည့်အပြင် အခု ရအောင်လိုက်လာသေးသည်။ အရင်ကလည်း သူရကဒီပုံစံပဲဆိုပေမယ့် သူသည်းခံနိုင်သေးသည်။ အခုချိန်မှာ ဇွဲကလူလွတ်တစ်ယောက်မဟုတ်တော့။ ထို့ကြောင့် သူရ ဒီလိုလာကပ်နေတာစိတ်ရှုပ်ရသည်။
ဒီကောင်လည်း မြန်မြန်အိမ်ထောင်ကျအေးရော..
သူတို့သုံးယောက် ကားဂိတ်မှာလာစောင့်နေသောသူမှာ ရန်ကုန်တက်လာမည်ပြောသော ကျော်ဇောပင်။ သီတင်းကျွတ်မှာ ဘာကြောင့်ရွာမှာမနေသနည်းဟူသော ဇွဲ၏မေးခွန်းအတွက် ယခုအဖြေရှိပေပြီ။ ကျော်ဇောက သီတင်းကျွတ်မှာ ဘုရားဖူးရန် မိသားစုကိုပါခေါ်လာပြီး ရန်ကုန်တက်လာတာဖြစ်သည်။
တစ်ကယ်တော့ သူ့ဘာသာသူ ဘာအကြောင်းနဲ့ပဲ ရန်ကုန်တက်လာလာ ဇွဲတို့က ကြိုဆိုဖို့လိုသည်။ ချစ်ဇွဲကိုနှင့် ခွန်းမာန်ရှိုင်းတို့အပေါ်တွင် ကျော်ဇောကျေးဇူးမကင်းပဲကိုး။ ကျော်ဇောသာမကူညီရင် ရှိုင်းကိုရွာကနေခိုးပြေးလာလို့မရတာမို့ ကျော်ဇောက ဇွဲတို့အတွက် ကျေးဇူးရှင်ပင်။
ဇွဲတို့သုံးယောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခဏကြာစောင့်ဆိုင်းပြီးနောက် ကျော်ဇောတို့ရောက်လာချေပြီ။
"အားနာလိုက်တာ ကျုပ်ကိုလာစောင့်နေကြတာလား.."
လူထက် အသံကိုအရင်ကြားရပြီးမှ ကျော်ဇောတို့မိသားစု ကားပေါ်ကဆင်းလာလေသည်။ ကျော်ဇောတို့မိသားစုသာပြောရတယ်..ကျော်ဇောမှာအဖွားတစ်ယောက်ထဲရှိသည်။ ဆိုတော့ ကျော်ဇောတို့မြေးအဖွားနှစ်ယောက်ပေါ့။
"အားမနာပါနဲ့ကွာ..ငါတို့မှာလာကြိုဖို့တာဝန်ရှိပါတယ်..မင်းကျေးဇူးတွေ ငါတို့အပေါ်မှာရှိနေတယ်လေ"