<Unicode>
ရှိုင်း ဇွဲ၏အိပ်ခန်းအား ပတ်ကြည့်နေသည်။ ဒီကောင်လေးက အိပ်ခန်းနံရံကို ပန်းရောင်ဖျော့ဖျော့လေး သုတ်ထားသည်။ သူများတွေကတော့ ယောက်ျားလေးဖြစ်ရက်သားနဲ့ ပန်းရောင်ကြိုက်လို့ပြောကြမှာ ဖြစ်နိုင်ပေမယ့် ရှိုင်းကတော့ သူမ၏ချစ်သူက နူးညံ့တယ်လို့တွေးမိသည်။ခုတင်ဘေးက စားပွဲမှာ မီးအိမ်လေးတစ်လုံးနဲ့ ဇွဲ၏ဓာတ်ပုံများကို အစီအရီထောင်ထားသည်။ ရှိုင်း ထိုထဲက ဓာတ်ပုံလေးတစ်ပုံကိုယူကြည့်လိုက်သည်။ ထိုဓာတ်ပုံလေးက သစ်သားမှန်ဘောင်လေးနဲ့ ဆယ်နှစ်အရွယ်ချစ်ဇွဲကိုလေးဓာတ်ပုံပင်။ ဇွဲသေးသေးလေးက ကာတွန်းပုံဝမ်းဆက်လေးနဲ့ ဝက်ဝံရုပ်လေးပိုက်ပြီး ရိုက်ထားတဲ့ချစ်စရာဓာတ်ပုံလေးကို ကြည့်ပြီး ရှိုင်းပြုံးနေမိတာ အနောက်ကို ဇွဲရောက်လာတာမသိလိုက်။
"ရှိုင်း"
ရုတ်တရက်အသံကြားလိုက်ရတော့ ရှိုင်းလန့်ပြီးတုန်သွားတဲ့အထိ။ ရှိုင်း လန့်သွားတာကို ဇွဲက သဘောကျစွာ တစ်ခစ်ခစ်ရယ်နေပါသေးသည်။
"ချစ်စရာလေးမလား?"
ဓာတ်ပုံလေးကိုညွှန်ပြရင်းမေးလာတဲ့ ဇွဲရဲ့မေးခွန်းကို ရှိုင်းခေါင်းငြိမ့်ပြလိုက်တော့ ကျေနပ်သွားတဲ့ဇွဲရဲ့မျက်နှာမှာ အနီရောင်အရိပ်ကလေးများဖြတ်ပြေးသွားသည်။
"အာ...ဒါနဲ့ အဖေက မနက်ဖြန်ကျရင် ရှိုင်းတို့ရွာကိုလိုက်ခဲ့မယ်လို့ပြောလိုက်တယ်"
"တစ်ကယ်....အာ ဒါပေမယ့် ကိုယ့်မိဘတွေက..."
"ဘာမှမဖြစ်ဘူး ရှိုင်း ကျွန်တော်တို့ သဘောတူအောင်ကြိုးစားကြမယ်..တစ်ကယ်လို့ သဘောမတူခဲ့ရင်တောင် ကျွန်တော် ရှိုင်းကိုလုံးဝလက်မလွှတ်ဘူး"
"အင်း"
•_•_•_•_•_•_•_•_•_•_•_•
ဒီကနေ့မှာတော့ ရှိုင်းနဲ့ဇွဲနဲ့ ရင်ခုန်နေကြပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့ပါသောကားက ရှိုင်းတို့ရွာဆီ ဦးတည်နေတာကြောင့်။ ရှိုင်းရဲ့အဖေက လုံးဝသဘောမတူတဲ့အပြင် ခိုးပါပြေးသွားတာကြောင့် တော်တော်လေးစိတ်ဆိုးနေမှာသေချာပါ၏။ အမွေဖြတ်စွန့်လွှတ်လိုက်တာမျိုးတောင်ဖြစ်နိုင်သေးသည်။ အို..ဘာပဲဖြစ်ဖြစ် ဇွဲကတော့ ရှိုင်းကို အပြည့်အဝတာဝန်ယူမှာပင်။
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း